"တောင်ကလပ်ပေါ်တက်မယ်ဆို အစ်မတို့ အိတ်တွေ သတိထားပါနော် မျက်မှန်ပါရင် သိမ်းသွားပါ မျောက်ကလေးတွေက ဆွဲတက်ပါတယ်နော် "
ဈေးဆိုင်မှ အရောင်းကောင်မလေးအချို့၏ သတိပေးစကားများက လှေကားဝတစ်လျှောက်ပျံ့လွင့်နေပါ၏။ဗန်းကိုယ်စီရွက်၍ မျောက်စာရောင်းသူများ ၏ နံဘေးတွင် မျောက်များစုဝေးနေပါ၏။
"အစ်မတို့ မယ်တော်ကြီးဆီမှာ ပန်းလှူချင် ဟောဒီမှါ နှင်းဆီပန်းတွေ လက်တယ်နော် "
နှင်းဆီပန်းများ ဂန္ဓမာပန်းများအစည်းလိုက်ကိုင်၍ ရောင်းနေသော ပန်းသယ်လေးများကို မြင်သော်အခါ အတိတ်တွေကို ပြန်လွမ်းနေမိပါ၏။သူလဲ တစ်ချိန်က ဒီလို ပန်းတွေရောင်းခဲ့ဖူးတာပဲလေ။ပုပ္ပါးတောင်ကလပ်ကို တက်သော လှေကားများက ကြည်လင်သော အုတ်တမန်သလင်းများရှိနေခဲ့ပြီ။ လှေကားတစ်လျှောက် ဈေးသယ်များက စုံလှ၏။ ဘုရားဖူးလာသော ဧည့်ပရိသတ်များလဲ တိုးမပေါက်အောင် ပေါများလှ၏။
ဒီလှေကားအတက်မှာ စကားဝါဈေးရောင်းနေတုန်း သူရောက်လာတာလေ။
{"စကားဝါ "
"ဟင် မမ "
စကားဝါလက်ထဲက တောင်းနှုတ်ခမ်းမှာ ချိတ်ထားသော ပန်းကုံးဖြူဖြူတွေကို မျောက်တစ်ကောင်လာဆွဲနေပါ၏။
"ဟဲ့ ဘာလုပ်ဒါလဲ သွားစမ်း "
ကြိမ်မြှောက်ခါ ခြောက်ထုတ်ရင်း မောင့် ကို စကားဝါ ဒုတိယအကြိမ် မော့ကြည့်မိပါ၏။
နက်ပြာရောင်ကွက်စိတ်ဖလန်ထည်လက်ရှည် ဂျင်းပြာနဲ့ မမက နိုင်ငံခြားမင်းသမီးတွေခန့်ညားပြီးချောမောနေခဲ့ပါတယ်။"မမ တစ်ယောက်ထဲလား "
"မဟုတ်ဖူး နောက်မှာပါတယ် မျောက်နဲ့ ရှုပ်နေကြတယ် "
"အော် "
"ဒီပန်းတွေကို အကုန် ကိုယ်ဝယ်မှာမို့ ကိုယ့်ကို စကားဝါ ကူညီပေးပါ"
"ဘာကူညီပေးရမှာလဲ ဟင် "
"Guide "
"ရှင် "
"ဒီနေ့ တစ်နေ့လုံး ကိုယ့်ကို လမ်းညွှန်လုပ်ပေးရမယ်"
"စကားဝါက ပန်း "
YOU ARE READING
စကားရနံ့လေး ပျံ့မွှေး ညှင်းလေသွေးသော်.(Complete){U+Z}(S1+S2)
RomanceTachi -ချမ်းမြေ့မောင် Neko- စကားဝါ သိုးကလေ ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား စုံတောပြား၌ နံ့ရှားကြိုင်လွင် ခါတန်ပွင့်သည် ရွှေနဲ့ယိုးမှား ပန်းစကား။ #ထနှောင်းညို