S2 (1)

1.3K 122 15
                                    

"သေချာကြည့်ထားနော် အရိပ် ဒါက ဂျူလီယာပုံပဲ သူမနက် ဒီကို လာမယ်ပြောတယ် အဲ့တာအရိပ်သွားကြိုရမှာ "

ကြီးမေစီပြောသော ဂျူလီယာဟူသော နိုင်ငံခြားသူလေးကို လမင်းရိပ် သေချာကြည့်လိုက်လေ၏။သူမလေးကအတော်ချစ်စရာကောင်းလှသည်။ ရွှေညိုရောင်ဆံပင်ခွေကောက်ကောက် ပင်လယ်ပြာရောင်မျက်ဝန်းတွေနှင့် ပါးဖောင်းဖောင်းလေးမို့တက်သွားအောင် ရီနေပုံက လှပသည်။

လမင်းရိပ်က ကြီးမေစီ၏ မွေးစားသမီး။ ကြီးမေစီက အပျိုကြီးပင် ။ ကြီးမေစီက သူမကို ၁၀နှစ်သမီးအရွယ်ထဲက မွေးစားကာ ကျောင်းထားပေးသဖြင့် ယခုဆိုလျှင် အရိပ်က အင်ဂျင်နီယာဖြင့်ဘွဲ့ရပြီး လုပ်ငန်းခွင်တောင်ဝင်နေပြီလေ။ ယခု ကြီးမေစီ၏ အန်တီမေသီ၏ သမီး ဂျူလီယာက သြဇီကနေ ဒီမြန်မာပြည်ကို လာမည်တဲ့လေ။

"ဂျူလီယာက မေသီနဲ့တူလို့ထင်တယ် မြန်မာစကားသိပ်ကျွမ်းတာ အရိပ်ရဲ့ ကြည့်ပါအုံး ရီနေပုံများ မေသီအငယ်ကလေ စကပ်ပ်ဆိုတိုမှဝတ်တာသိလား ဂိုက်လုပ်ရင်း ပြင်သစ်နိုင်ငံသားနဲ့ညားပြီး ဟိုမှာပဲနေတာကြည့် သိပ်ဆိုရှယ်ကြတဲ့ မိန်းမ"

"ဂျူလီယာကတော့လေ မွေးပြီးစကားပြောတက်ထဲက မြန်မာပြည်ကိုသွားမယ်တဲ့လေ အဟင်းင်း ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲ "

ဂျူလီယာ့အကြောင်းတွေကို ထပ်ကြီးတလဲပြောနေတဲ့ ကြီးမေစီ၏ စကားများကို နားထောင်ရင်း အရိပ်သဘောတကျပြုံးရီလို့နေခဲ့ပါတော့၏။

~~~~~
ရန်ကုန်အပြည်ပြည်ဆိပ်ရာလေဆိပ်၏ အတွင်းမှ Luggageလေးဆွဲကာ ထွက်လာသော နိုင်ငံခြားသူမိန်းကလေးကို မိန်းမယောကျ်ားမှန်သမျှ သမင်လည်ပြန်ငေးကြည့်ကြလေ၏။
အဖြူရောင်ပိုးပျော့ရှပ်လက်ရှည် အဖြူရောင်စတိုင်ဘောင်းဘီနှင့် ဖြူဝင်းဥသော အသားရေနှင့်လိုက်ဖက်လွန်းသည်။နေကာမျက်မှန်နီညိုရောင်က လှပသော မျက်ဝန်းလေးကို ဖုံးအုပ်ထားလေ၏။ရွှေညိုရောင်ပခုံးသာသာဆံနွယ်တွေကို ခပ်မြင့်မြင့်စည်းနှောင်ထားပြီး ငါးပေငါးလက်မအရပ်ရှိသော သူမလမ်းလျှောက်တွင်း ယိမ်းနွဲ့နေလေ၏။ ခြေဖျားတွင်စည်းထားသော အဖြူရောင် ကြိုးသိုင်းဒေါက်က သူမကို စမတ်ကျအောင် ကူညီလို့နေပါ၏။

စကားရနံ့လေး ပျံ့မွှေး ညှင်းလေသွေးသော်.(Complete){U+Z}(S1+S2)Donde viven las historias. Descúbrelo ahora