အခန်း (6)
မန်ကျည်းပင်တန်းတွေ ကျော်ပြီး ဝင်လာသော မြေနီလမ်းတစ်လျှောက် တမာရနံ့တွေက ပျံ့ပျံ့လှိုင်လျက်။ထန်းပျိုပင်တစ်ချို့က မိုးတိုးမတ်တပ်။
ခြံစည်းရိုးအုတ်ရိုးနီနီတွေကာရံထားသော အိမ်ကြီး အိမ်ကောင်းတွေလဲ တွေ့ရသလို။ ထန်းလက်ကာ ထီးရိုးဝါးကာ ထားသော သစ်သားအိမ်တစ်ချို့ ထန်းလက်မိုး အိမ်တစ်ချို့လဲရှိပါ၏။စကားဝါ ::"မမ တို့က အလှူအိမ် တန်းသွားမှာလား "
ချမ်းမြေ့မောင် ::"စကားဝါကို အရင်လိုက်ပို့မယ်လေ ဘာလဲ အိမ်မခေါ်ချင်လို့လား "
စကားဝါ ::: "ဟာ မဟုတ်ရပါဖူး ဝါက အဲ့လိုပြောတာမဟုတ်ပါဖူး မမ တို့ လိုက်မယ်ဆိုရင် စကားဝါက ပျော်တာပေါ့ "
ရူပါဉီး ::"ဒါဆို မမ တို့ စကားဝါ အိမ်မှာလိုက်တည်းမယ်ဆိုရင်ရော "
လင်းထက်ဝေ ::"ခေါ်မှာလား စကားဝါ "
စကားဝါက မျက်နှာလေးငုံ့ကာ
စကားဝါ ::"ခေါ်ချင်တာပေါ့ ဝါ တို့ အိမ်က ဆင်းရဲတယ် မမတို့ နေနိုင်ပါ့မလား "
ချမ်းမြေ့မောင် ::"နေနိုင်တာပေါ့ အိမ်ရှင်လက်ခံရင် "
ကဗျာချို ::" မမ တို့ အကုန်လိုက်လို့ မရရင်တောင် မောင့် ကိုတော့ တည်းခွင့်ပေးလိုက်ပါ စကားဝါရယ် ဟိုမှာ အရမ်းနေချင်နေပုံပဲ "
မောင် ::"နင်ကတော့လေ "
"အရှေ့ကို လျှောက်ပါလို့~ အနောက်ကိုတဲ့ မျှော်လိုက်ရင် ~~တံခွန်တိုင် ရွှေကုက္ကားနဲ့ ~~ဘုရားလေး ~ဘုရားလေး~ ဘုရားလေးကို~ မြင် "
တစ်စတစ်စ ကျယ်ကျယ်လောင်လောင်ကြားရတဲ့ ဓာတ်စက်သံ သီချင်းကြောင့် အလှူအိမ်နီးလာပြီမှန်းခန့်မှန်းလို့ရပါ၏။
မောင် တို့ကား ရွာထဲ ဝင်လာတာနဲ့ ရွာထဲက ရွာသူရွာသားတွေက မောင် တို့ကား ကို ပြူးပြဲကြည့်နေကြပါ၏။
အလှူအိမ် မဏ္ဍပ်ရှေ့က ဖြတ်လာရ၏။
မဏ္ဍပ်ကို ထိုးထားတာအကြီးကြီးပဲ။အနီရောင် နဖူးစည်း မုဒ်ဉိးဝ ထမင်းစားရုံက ထိုခြံထဲမှာ အပြည့်။လူတစ်ချို့က မဏ္ဍပ်ထဲမယ် အလုပ်ရှုပ်နေတာ ကို မြင်လိုက်ရ၏။
YOU ARE READING
စကားရနံ့လေး ပျံ့မွှေး ညှင်းလေသွေးသော်.(Complete){U+Z}(S1+S2)
RomanceTachi -ချမ်းမြေ့မောင် Neko- စကားဝါ သိုးကလေ ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား စုံတောပြား၌ နံ့ရှားကြိုင်လွင် ခါတန်ပွင့်သည် ရွှေနဲ့ယိုးမှား ပန်းစကား။ #ထနှောင်းညို