(4)
"အပြန်ကျရင် မန်ကျဉ်းသီး ဝယ်သွားမယ် အာလူးကြော်ရော"
လင်းထက်ဝေက သူမစားချင်တာတွေ ဝယ်ချင်ကြောင်းပြောနေပြန်ပါပြီ။
ရူပါဉီး ::"ငါကတော့ အညာသားချောလေး သယ်သွားမှာ ဟီး "
ကဗျာချို ::"နှာဗူးမ ရန်ကုန်မှာမတွေ့လို့ အညာလိုက်ရှာတာ သိသားပဲ"
သဇင်မိုး ::"အညာထန်းရည်ချိုပေါတယ်တဲ့ မောင့် အကြိုက်ပဲဟေ့ "
သစ်ရိပ်ဝါးရိပ်များနှင့်မှောင်နေသော ညနေခင်း နေဝင်ဆည်းဆာ တောလမ်းလေးကို သတိထားကာ မောင်းရင် မောင် ပြုံးမိ၏။
ကဗျာချို ::"အညာသူလေးတစ်ယောက်လောက် ငါ့သူငယ်ချင်းကို ရှာပေးအုံးမှပါဟယ်"
မောင် ::"နေပါဟာ မလိုချင်ပါဖူး"
မောင်က မိန်းကလေးချင်းသာ စိတ်ဝင်စားတဲ့ Lgbt ကိုမှ Tachi ပါ။ လွန်ခဲ့တဲ့ ၂ နှစ်က ပြတ်သွားတဲ့ Ex မမ အပေါ် သစ္စာစောင့်နေတာပဲလား မသိ။ခုချိန်ထိကို ရည်းစားမထားတာ သူမတို့အသိဆုံး။
ကျောက်ပန်းတောင်းမြို့ကို ကျော်လွန်ပြီး စကားဝါမြေ ကို ခြေချမိတော့ ညနေ ၃နာရီ။
တောလမ်းညိုမှိုင်းမှိုင်းကနေ တောင်ပေါ်အကွေ့ကောက်လမ်းကို သေချာမောင်းနေရ၏။
လမ်းဘေးတစ်လျှောက်မှာ ထန်းတောတွေ ရွာငယ်တွေ တောင်တန်းတွေက လွမ်းမောဖွယ်ရာ။ပုပ္ပါးကို သွားတဲ့လမ်းတစ်လျှောက်မှာ ကလေးတွေ လူကြီးတွေ အဖွားအိုတွေ အဖိုးအိုတွေ ယောက်ျားမိန်းမအစုံက လာသမျှ ကားတွေကို လက်ပြကာ ဟေး ဟား အော်နေကြ၏။
ထိုကားများက ကြဲချပေးလိုက်သော ပိုက်ဆံများက လေထဲမှာ တလွင့်လွင့် ဒါကို ပြေးကောက်နေကြ၏။"ကျွီ!!"
"Shitt!! သေကုန်တော့မှာပဲကွာ"ဘရိတ်ကိုဖိအုပ်ပြီး သတိထားနေရ၏။မတော်လို့တိုက်မိရင် လူလဲကံမကောင်းရင်သေနိုင်တယ်။ကားမောင်းတဲ့သူလဲ ဒုက္ခရောက်မှာပေါ့။
သဇင်ဉိးက အိတ်ကို ဖွင့်ပြီး ပိုက်ဆံထုတ်၏။
မောင် ::"အဲ့တာ ဘာလုပ်မလို့လဲ"
သဇင်ဉီး ::"ပစ်ချပေးမလို့လေ"
မောင် ::"တကယ်စေတနာရှိလို့ လှူချင်တယ်ဆိုရင် ငါ ကားရပ်ပေးမယ် ပစ်မချနဲ့ "
YOU ARE READING
စကားရနံ့လေး ပျံ့မွှေး ညှင်းလေသွေးသော်.(Complete){U+Z}(S1+S2)
RomanceTachi -ချမ်းမြေ့မောင် Neko- စကားဝါ သိုးကလေ ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား စုံတောပြား၌ နံ့ရှားကြိုင်လွင် ခါတန်ပွင့်သည် ရွှေနဲ့ယိုးမှား ပန်းစကား။ #ထနှောင်းညို