11-Unicode

2K 152 9
                                    

အခန်း ၁၁

စကားဝါနဲ့ မောင် ရဲ့ သတင်းက နှင်းဆီဖြူကုန်းရွာတစ်ရွာလုံးပျံ့နှံ့နေသည်။
ရွာကို အလည်လာတဲ့ မိန်းကလေးနှင့် ကြိုက်တဲ့ စကားဝါကို အထင်အမြင်သေး သူက သေးကြသည်။ရွံတဲ့သူက ရွံကြသည်။ အတင်းအဖျင်းပြောသူက ပြောကြ၏။
အစကထဲက ရှေးရိုးစွဲရှိသော ရွာမို့လို့လားမသိ။
မမ တို့ပြန်သွားပြီးနောက် အိမ်က အဖေနဲ့ အမရော မမကြီးကရော စကားဝါ ကို ဆူကြ၏။

"အရှက်မရှိ မိန်းကလေးခြင်း ကြိုက်တဲ့သူ"

ဆိုတဲ့ အသုံးအနှုန်းက မကြားချင်မှအဆုံး။

အရာရာကို သည်းခံနေပါတယ် မမ ရေ။ မမကို သိပ်ချစ်လို့ ယုံကြည်လို့ ။
စကားဝါတို့ မိသားစုကို လူတွေက အတင်းပြောကြတယ်မမရေ။ စကားဝါ့ကြောင့်လေ ။ စကားဝါတို့အချစ်က အဲ့ဒီလေါက်တောင်အပြစ်ရှိသွားတာလား။
ရက် ကို လစား လကို နှစ်စားသွားပြီ မမရေ။
ဖုန်းလဲ မဆက် သလို စာလဲ တစ်စောင်မှ ရောက်မလာခဲ့ဖူး။
ပုပ္ပါးတောင်ကလပ်မှာ ပန်းရောင်းရင်း ဧည့်သည်တွေကြား မမ ကို တွေ့မလားဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးနဲ့ လိုက်ရှာနေမိတယ်။

ငှက်မနားတောင်ပေါ်ကို နေ့တိုင်းရောက်ဖြစ်တယ်။

ပုပ္ပါးတောင်မကြီးကို ကြည့်မိပြန်တော့

"" ကဲ ပုပ္ပါးတောင်ထွက်ကို ရောက်ဖို့ နီးနီးလေးပဲ လိုတော့တယ် ဒီကနေ လှမ်းခုန်ကျော်လိုက်ရင် ရောက်ပြီပေါ့"

"ဟင် အာ့ဆို မမ ပြုတ်ကျမှာပေါ့"

"ဟာ့ ဟာ့ စတာပါ စကားဝါလေးရဲ့ မမ ကို စိတ်ပူသွားတာလား "

"တကယ်ထင်သွားတာ "

မမ နဲ့ စကားဝါ ပြောခဲ့ဖူးတဲ့ စကားတွေ ကြားနေရပြန်ပြီ မမရေ။
ငိုရလွန်းလို့ မျက်ရည်တွေ ခန်းတော့မယ် ။ လွမ်းရလွန်းလို့ ရူးတော့မယ်ထင်တယ်။
ဒီ အညတရ ပန်းသည်လေးကို မမ သတိမရတော့ဘူးနဲ့ တူတယ်။
မမ ပေးခဲ့တယ့် ဖုန်းနံပါတ်လေးက အမြဲတမ်းစက်ပိတ်နေပါသဖြင့်တဲ့။
ဘယ်အချိန် ဘယ်ကာလမှ မမ ဒီပုပ္ပါးကို ပြန်လာမှာလဲ။ ၂ နှစ်ကျော်သွားခဲ့ပြီ မမ ရေ။ စကားဝါ့ အသက် ၁၈ နှစ်ပြည့်သွားပြီ။

စကားရနံ့လေး ပျံ့မွှေး ညှင်းလေသွေးသော်.(Complete){U+Z}(S1+S2)Where stories live. Discover now