9-Unicode

1.1K 135 2
                                    

အခန်း ၉

"ဒီတေါင် နမည်က ငှက်မနားတောင် လို့ခေါ်တယ် မမ"

တောင်ထွတ် တစ်ခုကို မျှော်ကြည့်ရင်း စကားဝါ ကပြော၏။

နှင်းဆီဖြူကုန်းရွာနားက ငှက်မနားတောင်ဘုရားကို လိုက်ပို့ခြင်းဖြစ်၏။

"တောင်တက်တဲ့ လှေကားကလဲ မပြေပြစ်လိုက်တာနော်"

သဘာအတိုင်းဖြစ်ပေါ်လာသော ကျောက်သားအထစ်လှေကားများဖြစ်၍ တစ်စက်ကလေးမှ မညီမညာ သတိလွတ်တာနဲ့ အောက်ကိုပြုတ်ကျပြီးရင် အသက်ရှင်ဖို့ လမ်းစမမြင်။ အောက်မှာလဲ လျိှုတွေ ထနှောင်းဆူးတွေ ကျောက်ကမ်းပါးတွေနဲ့ မို့။
မောင် တောင်တက်လမ်းတစ်ဝက်မှာတင် ချွေးပြန်လာပြီ။ ဖလန်ထည်လက်ရှည်အကွက်လေးက ချွေးတွေကို နင့့်လို့။

"မမ မော နေပြီလား စကားဝါ့ လက်ကိုတွဲ"

ကမ်းပေးလာတဲ့ စကားဝါရဲ့လက်ကို ဆုပ်ကိုင်လိုက်ချိန်မှာ ပင်ပန်းမှု့တွေလျော့ပါးသွားသလို။ ချစ်တဲ့သူနဲ့ အတူလက်တွဲပြီး ခက်ခဲတဲ့ တောင်တက်လမ်းက ပြန့်ပြူးညီညာတဲ့ အနီရောင်ကတ္တီပါလျှောက်လမ်းလို။
ချစ်တဲ့သူသာ ဘေးနားရှိရင် အဆင်မပြေတာတွေဘယ်ရှိနိုင်ပါ့မလဲ။

(A/N ::ပြေလားမပြေလားတော့ ချစ်သူရှိတဲ့သူတွေပဲ သိလိမ့်မယ် ညိုလဲ မသိ)

သဘာဝကျောက်လှေကားထစ်များစွာကို ကျော်ဖြတ်လာပြီးသည့့်အခါမှာတော့ ငှက်မနားတောင်ရဲ့ ပုရဝိုက် ကို ခြေချမိပါ၏။
တောင်ပေါ်လေနုအေးတိုက်ခတ်မှု့ကြောင့် ပင်ပန်းသမျှတွေအားလုံးပျောက်ရှသွားပါ၏။

"ဟိုးမှာ ကြည့် အလှူအိမ် မဏ္ဍပ်တွေ့လား "

အပေါ်စီးကနေ လက်ညိှုးညွှန်ပြနေသော စကားဝါ။ ထန်းပင်ထန်းတော ခပ်ညိုညို့။ ရွာငယ်အချို့မှိန်ပြပြ။ အဝေးဆီက ဓာတ်မြေသြဇာစက်ရုံ။ ထုံးဖြူဖြူ စေတီငယ်တစ်ချို့။ စိမ်းစိုသော မြကဗ္ဗလာစပါးခင်းများ။ လှပတဲ့ ပန်းပင်များ ပေါက်ရောက်ရာ ပုပ္ပါးအရပ်။
လေအဝှေ့မှာ ဆံနွယ်တွေ တလွင့်လွင့် ထမိန်အနားစတဖျပ်ဖျပ်နှင့် ပါးကွက်ကြားလေးနဲ့ လှချင်တိုင်းလှနေသည့့် စကားဝါ ။ မောင့့် အတွက်တော့ အရာအားလုံးက အိပ်မက်ပမာ။

စကားရနံ့လေး ပျံ့မွှေး ညှင်းလေသွေးသော်.(Complete){U+Z}(S1+S2)Where stories live. Discover now