(5)
စကားရနံ့လေး ပျံ့သင်း ညှင်းလေသွေးသော်...
မောင် ::"ကလေး ဘာဖြစ်သွားသေးလဲ ထနိုင်ရဲ့လား ခြေကျင်းဝတ်ထိသွားတာလား"
အဲ့ဒီမမ က ပြောပြောဆိုဆို သူမရဲ့ ဖြူနုပြီး သွေးကြောစိမ်းတွေယှက်ဖြာနေတဲ့ ရှည်သွယ်သွယ်လက်ချောင်းတွေက ကျွန်မရဲ့ ခြေချင်းဝတ်ကို ထိဖို့လုပ်၏။
စကားဝါ::"Oho"
"ဖြတ် "မောင့် ရဲ့ လက် သူမလေးရဲ့ ခြေထောက်ကို မထိခင် လမ်းမှာတင် ခပ်ဆက်ဆက် အရိုက်ခံလိုက်ရ၏။
မောင် ::"ဘာလို့လဲ "
စကားဝါ ::"မမ ဝါ့ခြေထောက်ကိုကိုင်ရင် ဝါ ငရဲကြီးလိုက်မယ် ပြီးတော့ မမက ဆရာဝန်လဲမဟုတ်ပဲနဲ့ "
မောင် နှုတ်ခမ်းပါးတွေပြုံးသွား၏။ ကိုယ့်လက်ကို ရိုက်တာကျတော့ ငရဲမကြီးဖူးလား ကလေးလေးရဲ့။
မောင် ::"ကိုယ်က ဆရာဝန်မဟုတ်သေးပေမယ့် ဆေးကျောင်းနောက်ဆုံးနှစ်ပါ ကလေးလေးရဲ့ ဒီလေါက်တော့ ကိုယ်ကြည့်ပေးလို့ဖြစ်ပါတယ်"
ဆေးကျောင်းသူတဲ့လား ။ စကားဝါ ရှက်လိုက်တာ ။ အဲ့မမရဲ့ လက်ကိုတောင်ရိုက်မိလိုက်သေးတယ်။ အားနာလိုက်တာ။
စကားဝါ ::"ဟို မမ တောင်းပန်ပါတယ်နော် ဝါ က မသိလို့ ပြောလိုက်မိတာ "
မျက်နှာငယ်လေးနဲ့ ပြောလာသူလေးကို မောင် ချစ်စနိုးလေးကြည့်ပြီး ခေါင်းလေးကို ဖွဖွပုတ်ကာ
မောင် ::"ဘာမှမဖြစ်ပါဘူး ဒါဆို ကိုယ် မင်းခြေထောက်ကိုကြည့်ပေးမယ်နော်"
မမ က ကျွန်မ ခြေထောက်ကို သေချာကိုင်ကြည့်နေပါ၏။
ကားပေါ်က မမ သူငယ်ချင်းလှလှလေးတွေ ဆင်းလာပြီး ဘာဖြစ်သွားသေးလဲ ဆိုပြီး လာကြည့်ကြပါ၏။မောင် ::"ခြေထောက်ကတော့ လေဝင်သွားတာ လောက်ပါ ကိုယ်ဆေးလူးပြီး ပတ်တီးစည်းပေးလိုက်မယ်နော် ရူပါ ဆေးအိတ်လေး "
အသားခပ်ညိုညို ကုလားဆင်လေးချောတဲ့ အမက ကားပေါ်က ဆေးအိတ်ကိုသွားယူပေးပါ၏။
ရူပါ ::"မောင် ရော့ "
မမ က ဆေးအိတ်ထဲက ညစ်ဆေးတောင်ဖြူဖြူလေးကို ထုတ်ပြီး ကျွန်မခြေကျင်းဝတ်ကို ငြင်ငြင်သာလေးလူးပေးနေပါ၏။
CZYTASZ
စကားရနံ့လေး ပျံ့မွှေး ညှင်းလေသွေးသော်.(Complete){U+Z}(S1+S2)
RomansTachi -ချမ်းမြေ့မောင် Neko- စကားဝါ သိုးကလေ ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား စုံတောပြား၌ နံ့ရှားကြိုင်လွင် ခါတန်ပွင့်သည် ရွှေနဲ့ယိုးမှား ပန်းစကား။ #ထနှောင်းညို