1

2.5K 133 56
                                    

Unicode

"မေမေသားကျောင်းမှာဆုရတယ်"

အိမ်ထဲသို့အပြေးဝင်ပြီးဧည့်ခန်းထဲမှာထိုင်နေသည့်မေမေ့ရှေ့မှာသူရပ်ရင်း

"မေမေ..."

သူခေါ်တော့မေမေကခေါင်းငြိမ့်ရုံသာငြိမ့်ပြသည်။တစ်ယောက်ယောက်နဲ့စကားပြောနေပုံရသောအမေကဖုန်းကိုတစ်ဖက်ကကိုင်ပြီးရယ်မောလို့။

"ဒါပေါ့ ကျွန်မလာခဲ့ပါမယ်...."

"......................."

"ကောင်းပြီ အဲ့လောက်လွမ်းနေပြီဆိုလဲအခုချက်ချင်းထလာခဲ့မယ်"

မေမေကရယ်ရင်းပင်မတ်တပ်ရပ်ပြီးဖုန်းကိုချကာ အပေါ်ကိုပြန်တက်ဖို့ပြင်သည်။သူလည်း မေမေ့နောက်သို့အမြန်လိုက်ရင်းအခန်းထဲထိအတူဝင်လာခဲ့လိုက်သည်။

ဆုရလို့မေမေကိုပြောချင်ကာမှမေမေ့မှာကျွန်တော့်ထက်ပိုပြီးပျော်ဖို့ကောင်းတဲ့အကြောင်းရာတွေရှိနေပါရောလား....။ဒါပေမဲ့သူပြောတာတော့ပြောရမယ် တစ်ခါလောက်လေးပဲဖြစ်ဖြစ်မိသားစုနဲ့အတူဆုတစ်ခါလောက်ယူချင်ဖူးလို့ပါ။မအားဘူးဆိုရင်တောင်ခနလေးပါပဲ။

"မေမေ မနက်ဖြန်၉နာရီကျောင်းကိုလာခဲ့ပေးနိုင်မလားဟင်"

"သားရယ် မေမေမှမအားတာ မင်းအဖေကိုသာခေါ်သွားချည်...."

"ဒါပေမဲ့ မေမေကလည်းဂျောင်ကုတို့အမေတောင်ဆုပေးပွဲကိုတက်မှာလေ...ဒီတစ်ကြိမ်လေးတော့အတူတူလိုက်ခဲ့ပေးပါနော်"

"ကျစ်! ယွန်းဂီ မေမေမအားဘူးလို့ပြောထားတယ်လေ...အခုလည်း သွား,အခန်းပြင်ထွက်မေမေအပြင်သွားဖို့ပြင်ဆင်စရာရှိတာပြင်ဆင်ရဦးမယ်....သွား!"

လက်မောင်းလေးမှကိုင်ကာအခန်းပြင်သို့မောင်းထုတ်လိုက်သူမေမေ့ကိုကြည့်ပြီးမျက်ရည်များကျရသည်။ကျောင်းကပေးတဲ့ထူးချွန်ဆုပေးပွဲလေးမှာမေမေနဲ့အတူဂုဏ်ယူချင်လို့သူလိုက်ခိုင်းခဲ့ချင်တာလေးပါ။

နှစ်တိုင်းဂျောင်ကုတို့မိဘတွေကလိုက်ပြီး၊သူ့မိဘကျတော့အကြောင်းအမျိုးမျိုးပြပြီးမလိုက်ကြ။အခုတစ်ခါကတော့သူအရဲစွန့်ပြီးပြောပြခြင်းပါ။အမြဲအိမ်ကိုထားပြီးအပြင်မှာအပျော်ရှာတတ်တဲ့အမေ့ကို သူလည်းအပျော်လေးတစ်ခုလောက်ပေးချင်လို့ပါ။ဒါကိုမေမေက ငြင်းတယ်တဲ့လား။

လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #Where stories live. Discover now