7

571 72 64
                                    

Unicode

"သားအခုတစ်လော ယွန်းဂီလေးတို့အိမ်ကိုဓာတ်ကျနေတယ်နော်"

"ဗျာ...ဟို"

သူမအပြောအားရှက်ယမ်းရမ်းသွားသည့်သားဖြစ်သူကြောင့်ခိုးပြုံးမိ၏။အရင်တုန်းကဆိုယွန်းဂီနဲ့ပေါင်းတာမကြိုက်ဘူးလို့ပြောထား၍အိမ်ကိုတောင်သားလေးကသွားမလည်ဖြစ်ပါ။ဒါပေမဲ့အခုတစ်လောသားကိုသတိထားမိနေတာကြာပြီ။အဲ့အိမ်မှာ ဟန်ဂျီဝန်းဆိုတဲ့မိန်းကလေးရောက်လာပြီးထဲကသားက တစ်ကျက်ကျက်နဲ့အဲ့အိမ်ဘက်ကိုသာ။

အစကသဘောမကျပေမဲ့မိန်းကလေးတစ်ယောက်ကြောင့်အဲ့အိမ်ကိုသွားနေတာမှန်းသိတော့သူမသဘောတွေ့မိ၏။ဘာပဲပြောပြောယွန်းဂီဆိုတဲ့ကလေးကလွဲဲပြီးသားကိုဘယ်သူနဲ့မဆိုအပေါင်းသင်းအလုပ်ခံသည်။ယွန်းဂီဆိုတဲ့ သူ့သားပေါင်းနေတဲ့သူငယ်ချင်းကအကျင့်လည်းမကောင်းသလိုစာရိတ္တလည်းမကောင်း။ကြည့်မရတာ ငယ်ငယ်လေးထဲကပင်ဖြစ်သည်။

"မှန်မှန်ပြောသား....သားအဲ့အိမ်ကကောင်မလေးကိုသဘောကျနေတာမလား"

"ဟမ်...အမေဘယ်လိုလုပ်ပြီး!"

"ဟားဟား သားရယ်...သားကိုအမေမွေးထားတာပါ။ငါ့သားအဲ့အိမ်ကိုဘယ်ခြေလှမ်းတွေနဲ့လှမ်းနေလဲဆိုတာမေမေသိတာပေါ့။"

"အဲ့တာဆိုမေမေသားကိုဆူမှာလားဟင်...မေမေပြောဖူးတယ်လေယွန်းဂီတို့အသိုင်းဝိုင်းနဲ့ပက်သက်တာမကြိုက်ဘူးဆိုပြီး"

"ဟက် သားရယ်...အဲ့တာကယွန်းဂီဆိုတဲ့ကလေးတစ်ယောက်ထဲကိုပါ။အစကသူ့အမေကိုကြည့်လို့မရလို့သူ့သားကိုပါကြည့်မရတာလေ။ယောကျာ်းတစ်ကာနဲ့ပလူးပလဲနေတဲ့မိန်းမကိုဘယ်သူကအကောင်းမြင်ရိုးထုံးစံရှိမလဲ။အဲ့တာကြောင့်Min CEOကြီးကိုမေမေကိုယ်ချင်းစာတာပေါ့။သူ့နေရာမှာမေမေဆိုရင်လည်းနောက်အိမ်ထောင်ထပ်ပြုမှာပဲလေ"

"ဟူး ဒါပေမဲ့မေမေရယ်.. ယွန်းအမေကိုကြည့်လို့မရတာနဲ့ယွန်းကိုပါကြည့်လို့မရဘူးဆိုတာကတော့အရမ်းကလေးဆန်လွန်းတယ်"

"သား! မေမေဘာပြောထားလဲ။အဲ့ကလေးကိုယွန်းလို့မခေါ်ရဘူးလို့ဆိုတာမေ့သွားပြီလား!"

လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #Where stories live. Discover now