5

564 70 25
                                    

Unicode

"ဂျီဝန်း"

သူခေါ်လိုက်တော့မော့ကြည့်လာတဲ့မျက်ဝန်းတွေကပြုံးပျော်နေသလို။သူမှန်းသိတာနဲ့

"oppa ဘာပြောစရာရှိလို့လဲဟင်"

ဝမ်းသာအားရနဲ့မေးလာတာကြောင့်သူတစ်ချက်ပြုံးလိုက်မိ၏။ခုနကမိတ်ဆက်တုန်းကကြောက်သလိုလို၊ရွံ့သလိုလိုဖြစ်နေသူက အခုလည်းကျတော့အားကိုးရှိတယ်လို့ထင်သွားလားမသိ။ချက်ချင်းကိုတက်ကြွလာတာကြီးကသူ့အတွက်စိတ်မကြည်ချင်စရာ။

သူ ဂျီဝန်းကိုစိုက်ကြည့်နေတော့အခြားသူတွေရဲ့မျက်လုံးတွေကအစသူ့ဆီမှာပင်။အားလုံးကလည်းစိတ်ဝင်စားသလိုမျိုးဖြင့်စောင့်နေကြသည်။အခန်းထဲသို့ကျောင်းသူ၊ကျောင်းသားအသစ်ပြောင်းလာတိုင်းကျွန်တော်ကသာအရင် lessonပေးသူမို့အကုန်လုံးကငြိမ်ငြိမ်သက်သက်လေးဖြင့်အခြေနေကိုကြည့်နေကြသည်။ဝမ်းနည်းစရာတစ်ခုကတော့ကောင်မလေးကအခုထိမသိရှာ။သူဆိုတာ မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးဆိုတာမရိပ်မိတော့ကျွတ်ပင်သက်မိသည်။

"ငါ့အတွက် ကော်ဖီတစ်ခွက်ဝယ်ပေးနိုင်မလား"

"ရှင်....အခုလား!"

"အင်း"

အပြင်ပန်းကပြုံးနေပေမဲ့အတွင်းပိုင်းကတော့သိသိသာသာကိုအမုန်းမီးများတောက်လောင်နေ၏။ဂျီဝန်းကတော့အခုထိပြူးကြောင်လျက်လေး။ဘေးပတ်ဝန်းကျင်ကိုလည်းအကဲခတ်နေသေးသည်။သူလည်းတွေးနေမှာပေါ့။တစ်မနက်လုံးစကားတောင်မပြောတဲ့ကျွန်တော်ကအခုမှသူ့အားကော်ဖီဝယ်ခိုင်းတဲ့အကြောင်းကို။

ဒါပေမဲ့လည်းသိပ်မကြာလိုက်ပါ။ချက်ချင်းကြီးပြုံးတက်လာသူက အမြန်မတ်တပ်ရပ်ပြီးလွယ်အိတ်ထဲကပိုက်ဆံအားကောက်ထုတ်ကာဖြင့်

"oppaသောက်ချင်ရင်ဝယ်ပေးမယ်လေ...ဂျီဝန်းဝယ်တိုက်ပါ့မယ်"

"ဘာလဲ...သူကကဒ်တောင်မရှိတဲ့ကျောင်းသူလား!"

လက်မှာကိုင်ထားတဲ့ပိုက်ဆံကိုမြင်တော့ဘေးနားကကျောင်းသူတစ်ယောက်မှထကာပြောလေသည်။အဲ့ကျောင်းသူပြောတော့အားလုံးကလည်းစည်းချက်တိုက်ထားသည်အလား။စတင်လှောင်ကြလို့။ဒီလိုပုံမျိုးကိုလိုချင်လို့ဒီလိုဇာတ်ထွင်လိုက်သည်ဆိုတာအားလုံးအသိ။စောင့်ကြည့်ချင်ပါသေးသည်။ဒီအပြောတွေအားသူဘယ်လိုခံနိုင်မလဲလို့။

လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #Where stories live. Discover now