19

761 75 15
                                    

Uni

"ဟာ! ဒီလိုဆိုမနက်ရှယ်ယာရှင်အစည်းအဝေးမှာသူတို့ကိုဖြုတ်ချရတော့မှဖြစ်မှာပေါ့!"

ဖေဖေ့ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သူ၊ရှယ်ယာဒုတိယအများဆုံးဖြစ်သူMr.Kimမှပြောလာတာမို့ ယွန်းဂီလည်းခေါင်းအမြန်ငြိမ့်ပြမိသည်။အခု သူညဘက်ကြီးဦးလေးရဲ့အကူအညီနဲ့ရှယ်ယာရှင်တွေကိုခေါ်ကာအကျိုးသင့်အကြောင်းသင့်ပြောပြတော့အားလုံးကလက်ခံကြသည်။မနက်ဖြန်ဆိုcompanyရဲ့ လူတွေရှေ့မှာဒီကိစ္စကိုရှင်းတော့မှာမလို့ကျွန်တော်လည်းပြင်ဆင်စရာရှိရန် ပြင်ဆင်ရင်ထိုရှယ်ယာရှင်တွေကိုနှုတ်ဆက်ပြီး အရင်ထွက်လာခဲ့လိုက်တော့၏။

ဒီကြားထဲထိုလူတွေကိုဖြုတ်ချဖို့ အကွက်ချနေရတာအချိန်ကနှစ်ရက်ပင်ကြာသွားလေပြီ။ဂျောင်ကုကတော့ ဒုံရင်းအတိုင်းမသိချင်ယောင်ဆောင်ကာလိမ်ဆဲလိမ်မြဲပဲ။သူဘယ်လိုနားလည်ပြီး ခွင့်လွှတ်ပေးနိုင်ရတော့မလဲ??။ယုံကြည်မှုတွေ၊အချစ်တွေကိုခနလေးအတွင်းဖျက်ဆီးခဲ့တဲ့အပြင်၊ဖေဖေ့စည်းစိမ်တွေကိုပါ ပြစ်မှားခဲ့တယ်လေ။ဒီကိစ္စကိုသူဘယ်လိုဝင်ပါပြီး လုပ်ရက်ခဲ့လဲဆိုတာစဥ်းတောင်မစဥ်းစားချင်တော့ပါ။ဂျောင်ကုရက်စက်သည်။ဒီကြားထဲသူ့မျက်နှာကိုဘယ်လို ကြည့်ဝံ့နေသလဲ??။

"ယွန်း..ပြန်လာပြီလား?? ဘယ်လိုလဲကောင်းကောင်းအနားယူခဲ့ရလား??"

ရှယ်ယာရှင်တို့နဲ့တွေ့ပြီးအပြန် ဆေးရုံသို့ဝင်လာတော့မမြင်ချင်တဲ့မျက်နှာအားတွေ့လိုက်ရသည်။ဘယ်အချိန်ထဲကရောက်နေမှန်းမသိပေမဲ့ ကျွန်တော့်အပေါ်ဆိုနည်းနည်းလေးတောင်ကောင်းခဲ့တဲ့သူမဟုတ်လို့ စိတ်ကတော့သိပ်မကြည်ချင်တော့ပါ။သူကတော့ဖြူစင်သူအလား ပကတိပြုံးပြနေသည်။စိုက်ကြည့်နေတဲ့မျက်လုံးလေးတွေက အခုထိကျွန်တော့်အပေါ်နူးညံ့မှုတွေအပြည့်ပဲ။သူဘယ်လို ရက်စက်နိုင်မလဲ??။နှလုံးသားကိုဖိပြီးပြန်တွေးကြည့်မိတော့ သူတောင်ငါ့ကိုရက်စက်ခဲ့သည်ပဲ။

"အင်း...ပြန်တော့"

"ယွန်း...ကိုယ့်ကိုစိတ်စိုးနေတာလား??"

"ဟင့်အင်း မစိုးပါဘူး။ငါနည်းနည်းပင်ပန်းနေလို့ပါ။ဒါနဲ့ မင်းပြန်တော့လေ။မနက်ဖြန်အရေးကြီးတဲ့အစည်းဝေးရှိတယ်ဆို။"

လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #Where stories live. Discover now