12

879 89 62
                                    

Unicode

စာမေးပွဲတွေနီးလာသည်နဲ့အမျှဂျောင်ကုနဲ့ဂျီဟွန်းမှာလည်းတွေ့ဖို့အကြောင်းပြချက်တွေများလို့လာသည်။အိမ်အဝင်ထွက်လည်းစိတ်ကြိုက်လုပ်သလို၊စာကိုအကြောင်းပြပြီးနှစ်ယောက်သားအပြင်ထွက်တတ်တာလည်းရှိသည်။အခုလည်းဘယ်ကနေဘယ်လိုပြန်လာတယ်လည်းမသိ။ နှစ်ယောက်သားရဲ့မျက်နှာကိုကပြုံးရွှင်လို့။

လွယ်အိတ်ကိုယ်စီနဲ့အိမ်ပေါ်တက်သွားကြသည့်သူတို့ကစာလုပ်မယ်ဆိုသည့်အကြောင်းပြချက်နဲ့ ဂျောင်ကုနဲ့ကျွန်တော့်ရဲ့အိပ်ခန်းကို။ဟိုနေ့ကဖြစ်သွားသည့်ကိစ္စနဲ့ပက်သက်ပြီးနောက်ပိုင်း ဂျီဝန်းမှာအိမ်ကိုလာဖို့မျက်နှာပန်းလှသွားလေသည်။ကျွန်တော်အနိုင်ကျင့်မှာစိုးရိမ်ချက်ဖြင့်အိမ်ကိုရောက်လာလျှင်ဂျောင်ကုမှဂျီဝန်းကို အမြင်ပျောက်မခံနိုင်တာတွေ၊ကိုယ့်ကိုဘုကြည့် ကြည့်ပြတာမျိုးတွေ။

သူမ အိမ်ကိုလာလည်တော့ကိုယ့်ဆိုအမြဲကြိမ်းမောင်းနေတတ်တဲ့အန်တီမီဂျွန်မျက်နှာကတောင်ပြုံးရွှင်လို့။တစ်ခါတစ်လေဆိုကိုယ့်ကိုအမြင်ကပ်လို့လားမသိ။' ချွေးမလေး ' ဆိုပြီးတော့တောင်ရွဲ့တတ်သေးသည်။

"ယွန်းဂီ...အပေါ်မှာသားတို့စာလုပ်နေတယ်ထင်တယ်။အသီး ပန်းကန်လေးသွားပို့ချည်"

ယောက္ခမဖြစ်သူမှအမိန့်ပေးလာလေတော့ အေပရွန်လေးကိုချွတ်ပြီးခေါင်းငြိမ့်ပြမိသည်။ထို့နောက်လက်ဆင့်ကမ်းပန်းကန်လေးအားယူပြီး သူတို့ရှိရာဆီတက်လှမ်းခဲ့တော့တံခါးနားမှာတင်ကြားလိုက်ရသည့်ရယ်သံတွေကြောင့်ခြေလှမ်းများဟာဆက်သွားလို့မရခဲ့။

"ကိုယ်ကလည်း စာရှင်းပြပါဆိုနေလူကိုလိုက်စနေတယ် တကယ်ပဲ"

ကျေနပ်နေတဲ့အသံမျိုးနဲ့အော်ပြောနေတဲ့ဂျီဝန်းကြောင့် စိတ်မထိန်းနိုင်ဘဲမျက်ရည်များဟာကျလာပါရဲ့။ကိုယ့်ကိုလည်းအားမလိုအားမရဖြစ်တာပါမယ်။ဘာ့ကြောင့်ဂျောင်ကုကကျွန်တော့်အပေါ်ဆိုမနူးညံ့လေသလဲ။သူပြောသလို အနိုင်ယူခဲ့မိလို့လား?။ဒါမှမဟုတ်ချစ်ခြင်းကိုခွဲခဲ့မိလို့လား?။အဲ့အပြစ်ကြောင့်ခံစားရတဲ့အရာကဒါမျိုးဆိုကျွန်တော်တော့ရှေ့လျှောက်သေရပါချည်ရဲ့။

လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #Where stories live. Discover now