17

834 74 14
                                    

Uni

"ဂျောင်ကု..မင်းခုနကပြောသွားတာတွေကတစ်ကယ်ပဲလား??"

ယွန်းအမေးအား သူ့မှာဘယ်လိုဖြေရမှန်းတောင်မသိတော့ပေ။ဂျီဝန်းနဲ့ပက်သက်ပြီးပြောလိုက်တဲ့စကားတွေက ရင်ထဲပါလို့ပြောလိုက်တာကိုတော့ဝန်ခံပါတယ်။ယွန်းကတော့မျက်ရည်လေးဝဲနေဆဲ။ဘယ်လိုလုပ်ရမလဲ?။တွေဝေနေတဲ့ စိတ်တွေကိုအတည်ပြုကြည့်ရအောင်လို့ ဖွင့်ပြောလိုက်ရင်ကောင်းမလား??။

"ငါ မင်းကိုစိတ်ဝင်စားမိနေပြီနဲ့တူတယ်..."

"ဟမ်!!"

"ယွန်း...ငါမင်းကိုကြိုက်နေပြီ"

ဟုတ်တယ်...ယွန်းကိုသူဖွင့်ပြောသင့်ပြီ။အဲ့လိုပြောလိုက်တော့လည်း ကိုယ့်ဘာသာကိုယ်ရင်ထဲကအပူလုံးကြီးကျသွားသလိုပင်။ဂျောင်ကုကသာ ဝန်ခံလိုက်ရလို့မြူးထူးနေပေမဲ့ ယွန်းကတော့အခုထိကြောင်ကြည့်နေဆဲသာ။

သူ့နေရာမှာကျွန်တော်ဆိုရင်လည်း အဲ့လိုပဲတုန့်ပြန်မိမှာပဲ။တစ်ချိန်လုံးရန်လိုနေခဲ့တာလေ။အခုမှ ရုတ်တစ်ရက်ကြီးဆိုတော့သူလည်းဟိုဟိုဒီဒီတွေးတောနေမှာပဲ။ကျွန်တော့်ကိုလည်းတစ်ချက်ကြည့်ကာပင် ခေါင်းငြိမ့်၊ခေါင်းခါလုပ်လို့။

"မင်း စိတ်ထင်နေတာနေမှာပါ။"

"မဟုတ်ဘူး ယွန်း...ငါ့ကိုယ်ငါလည်း ဆန်းစစ်နေတာကြာပြီ။ငါမင်းကိုတကယ်ပဲစိတ်ဝင်စားနေမိတာ။ယောကျာ်းလေးချင်းချင်းမလို့ ဒီစကားကိုငါပြောထွက်ဖို့ရှိန်နေခဲ့ပေမဲ့ မင်းရဲ့မျက်နှာလေးကိုမြင်တွေ့လိုက်ရချိန်ငါ့ရဲ့စိတ်တွေက မင်းအပေါ်ပဲရောက်နေခဲ့တယ်။ငါဝန်ခံပါတယ်ယွန်း...ငါမင်းကိုချစ်နေမိပြီ။"

".........."

ဒီတစ်ခါတော့ ဂျောင်ကုနှုတ်ကကိုယ်တိုင် ချစ်တယ်လို့ဝန်ခံလာလေတော့ ယွန်းဂီမှာဝမ်းနည်းစိတ်တွေကြီးစိုးလာခဲ့ရတယ်။သူမထင်ထားတဲ့အရာတွေ တစ်နေ့ထဲမှာမှဖြစ်နေရသလား??။ဂျောင်ကုကတော့ အဲ့စကားပြောပြီးပြီးခြင်းရီဝေဝေအကြည့်တို့နဲ့အတူ အနားကိုလျှောက်လာသည်။ကျွန်တော်ကလည်း လိမ်တာလား၊တကယ်လားသိချင်လို့ သူ့အကြည့်တွေကိုစိုက်ကြည့်မိပါရဲ့။

လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #Where stories live. Discover now