Unicode
နမ်ဂျွန်တစ်ယောက်သည်းမခံနိုင်တော့တာနဲ့ကျောင်းအုပ်ရုံးခန်းထဲမှာရောက်နေရလေသည်။စာမေးပွဲဖြေခါနီးမှဒုက္ခရောက်သည်ဟုဆိုရမလား။သူကူးထားတဲ့ မှတ်စုစာအုပ်အားယွန်းဂီကအကြောင်းပြချက်မရှိပဲအကုန်စုတ်ဖြဲလိုက်သည်တဲ့လေ။အနိုင်ကျင့်ခံရတာကိုတစ်စက်လေးမှတောင်မကူညီဘဲဝိုင်းပြီးပြောနေကြတဲ့ကျောင်းသူ၊ကျောင်းသားအချို့ကြောင့်ဒေါသတွေကိုမထိန်းနိုင်တော့တာနဲ့ရုံးခန်းထဲသို့လာရောက်တိုင်တန်းခြင်းသာ။
ဆရာ၊ဆရာမတွေကိုတိုင်ရင်ထုံးစံအတိုင်းကိုယ်သာလျှင်ပြန်အဆူခံရမှာမို့ဒီတစ်ခါတော့သူ့ဘက်ကအလျှော့မပေးပဲ.....။
"ဆရာ....ကျွန်တော့်ကိုဒီကိစ္စဖြေရှင်းပေးပါ!"
ကျောင်းအုပ်ကိုပြောတော့နားမလည်နိုင်တဲ့မျက်လုံးအချို့နဲ့အတူလူကိုလာကြည့်၏။ခနကြာမှစားပွဲပေါ်ကဖုန်းအားကောက်ကိုင်လိုက်ပြီး
"တန်းခွဲသစ်(A)ကကျောင်းသူ၊ကျောင်းသားတွေကိုအကုန်ခေါ်လိုက်"
ဘာလုပ်မလဲဆိုတာမသိပေမဲ့ ဆရာကတော့သူ့ကိုကြည့််ပြီးစိတ်ငြိမ်အောင်နေခိုင်းသည်။စိတ်မပူပဲဖြေရှင်းပေးမယ်လို့လည်းပြောသည်။ကိုယ်ကကျောင်းရဲ့စံပြကျောင်းသားမို့အခွင့်ရေးပေးခြင်းပဲလား။
"ယွန်းဂီလွန်တာဆရာသိတယ်....သူ့ကိုလည်းဆူဖြစ်အောင်ဆူလိုက်မှပါ"
ဆရာ့ပုံကတော်တော်လေးကိုမှစိတ်ညစ်နေတဲ့ပုံ။သူလည်းထပ်ပြီးအပူကပ်မနေချင်တော့တာနဲ့ငြိမ်ငြိမ်လေးသာလျှင်ရပ်နေလိုက်သည်။
"ဆရာခေါ်တယ်ဆို"
အခန်းတံခါးတောင်မခေါက်ယူဘဲဦးဆောင်ကာဝင်လာသည့်ယွန်းဂီကြောင့်သူမျက်နှာကိုတင်းထားလိုက်သည်။သူ့နောက်မှာဂျောင်ကုအပြင်ကျောင်းသား၊ကျောင်းသူတွေလည်းပါသည်။ယွန်းဂီကတော့အချိုးမပြေတဲ့မျက်နှာဘေးနဲ့သူ့ဘေးနားလာရပ်ပြီး
"ဘာပြောစရာရှိလို့လဲ ဆရာ"
"မင်း နမ်ဂျွန့်ရဲ့စာအုပ်တွေကိုဖြဲလိုက်တယ်ဆို"
![](https://img.wattpad.com/cover/309924909-288-k145225.jpg)
YOU ARE READING
လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #
Fanfictionငါ့ဘဝက အထီးကျန်လို့ အချစ်ခံချင်ရုံလေးပါ.....(YoonKook) ငါ့ဘဝက အထီးကျန်လြို့အချစ်ခံချင်ရုံလေးပါ......