"အန်တီ သွေးတွေတိုးပြီးအိပ်ယာထဲကမထနိုင်ဘူးဆို...."
အခန်းထဲသို့ အသဲအသန်ပြေးဝင်လာပြီးယုတ္တိမရှိတဲ့အမေးတစ်ခုကြောင့် Jeon Mi Jeonကြီးတစ်ယောက်skin careနေရင်းမှ ယွန်းဂီကို ကြောင်ပြီး ကြည့်နေမိသည်။
"ဂျောင်ကု.... ဒါမင်းလက်ချက်မလား?"
"ဘာကိုပြောတာလဲ?"
"အရူးကွက်လာမနင်းနဲ့ မင်းပြောတော့အန်တီကသွေးတွေတိုးပြီး အိပ်ယာထဲကမထနိုင်လို့ငါ့ကိုခေါ်ခိုင်းလိုက်တယ်ဆို!"
ဒီတစ်ခါတော့ ယွန်းဂီတစ်ကယ် ဂျောင်ကု အပေါ်ဒေါသထွက်မိသည်။ဘာ့ကြောင့်လိမ်ခေါ်ရတာလဲဆိုတာနားမလည်နိုင်။အန်တီ့ကိုကြည့်ရတာလဲ အကောင်းကြီးအတိုင်းပဲ။
"ခုနက အမေပဲခေါ်ဆို...ယွန်းကိုလိုအပ်တယ်ဆိုပြီး အခုသက်သာသွားလို့ ဘာမှမဖြစ်တော့တာလား?"
ဂျောင်ကု မှာပြာပြာသလဲ ယွန်းအမေးအား မဖြေဘဲ အမေ့ကိုမျက်လုံးတစ်ဖက်မှိတ်ပြီးပြောတော့ အမေ့မှာလည်းချက်ချင်းကြီးကိုသဘောပေါက်သွားတယ်နဲ့တူသည်။
"အင်း....ဟုတ်တယ်။အခုသက်သာသွားပြီ။"
အမေပြောမှ ယွန်းက သူ့ဘက်ကိုတစ်လှည့်ပြန်ကြည့်သည်။မဟုတ်သေးဘူးဆိုတဲ့အထာနဲ့။
"လာပါ ယွန်းရယ်...အိပ်ကြရအောင်...ဝါး...အချိန်တောင်ဆယ်နာရီထိုးတော့မှာပဲ။"
ယွန်းရဲ့မျက်စောင်းကိုမသိချင်ယောင်ဆောင်ရင်း လက်တစ်ဖက်ကိုဆွဲကာအပြင်သို့ပြန်ထုတ်လာခဲ့ရတော့သည်။ယွန်းကတော့ ဒေါသကြည့်နဲ့ဖြစ်ပြီးအခန်းထဲရောက်မှကိုင်ထားသောလက်ကိုခါချကာ
"ဂျောင်ကု!"
"ဝါး....ပြော"
အခုမှအရမ်းကိုအိပ်ချင်နေတဲ့ မျက်လုံးတွေအားယွန်းဂီမှာ ဒေါသဖြစ်လို့မဆုံးပေ။သူတမင်သက်သက် ယုတ်တာမှန်းလည်းသိသည်။ဖေဖေနဲ့ရုတ်တစ်ရက်ကြီးအဆင်ပြေလို့ ပျော်လို့တောင်မဆုံးသေး ကျွန်တော့်အိမ်ထဲသို့ဆိုင်းမဆင့်ဘုံမဆင့်ရောက်လာပြီး အန်တီ့ကိုအကြောင်းပြကာ မလှိမ့်တစ်ပတ်လုပ်သည်။
"လာပါ...ယွန်းရယ် အိပ်ကြရအောင်"
ခါးထောက်ပြီးကြည့်တော့ ဂျောင်ကုက လက်ကောက်ဝတ်ကိုကိုင်ပြီး အိပ်ယာပေါ်သို့အတင်းဆွဲချသည်။အားချင်းမမျှသောကြောင့် သူလုပ်တော့လဲကိုယ့်မှာပြန်မရုန်းနိုင်။ဒါ့ကြောင့် အိပ်ယာပေါ်မှာဝင်လှဲလိုက်ပြီးလျှင်ချက်ချင်းဂျောင်ကုကို ကျောပေးကာစောင်ကိုခေါင်းအထိလုံအောင်ခြုံထားလိုက်တော့သည်။
YOU ARE READING
လောင်ကျွမ်းမဲ့အချစ်(BRUN🔥)#complected #
Fanficငါ့ဘဝက အထီးကျန်လို့ အချစ်ခံချင်ရုံလေးပါ.....(YoonKook) ငါ့ဘဝက အထီးကျန်လြို့အချစ်ခံချင်ရုံလေးပါ......