So Far Away (U+Z)

205 21 8
                                    

(Unicode)

"P'Sing ~"

အဝေးကြီးတည်းကနေ သံရှည်ဆွဲခေါ်ကာ ပြေးလာနေတဲ့ ကောင်လေးကို Singto
လှည့်ကြည့်လိုက်ရင်း  လက်ဝေ့ယမ်းပြလိုက်ပြီးတဲ့နောက် လက်နှစ်ဖက်ကို ဘေးကို ဆန့်တန်းထားကာ စောင့်နေလိုက်တယ်။

အင့်!!!

နှစ်ယောက်သား အသံထွက်အောင် ခန္ဓာကိုယ်နှစ်ခုလုံး အားနဲ့ဝင်ဆောင့်မိတဲ့အထိ ရင်ခွင်ထဲပြေးဝင်ဖက်လာတဲ့ ညီငယ်ရဲ့ ခေါင်းကို လက်ဖဝါးနှစ်ဖက်နဲ့ အုပ်ကိုင်ပေးထားလိုက်ရင်း

" ကိုယ် Kit ကို နောက်ကျမှ လာကြိုသလိုဖြစ်သွားလား? "

အသံမထွက်ပဲ သူ့ ရင်ဘတ်ပေါ်ကို မေးစေ့ထောက်ကာ မော့ကြည့်လာတဲ့ ကောင်လေးက ခေါင်းခါပြတယ်။

ညီငယ်နဲ့အတူ ကျူရှင်ဆင်းလာတဲ့ ကလေးတိုင်းက သူ့ကို အရိုအသေပေးပြီး ဖြတ်သွားကြတာမို့ ခေါင်းညိမ့်ပြကာ နှုတ်ဆက်နေမိတော့မှ Krist က ဆူပုတ်ပြီး

" ဗိုက်တော့ ဆာနေတာပေါ့.. Kit လည်း ခုမှ ဆင်းတာပါ "

ရင်ခွင်ထဲက ထွက်သွားတဲ့ ညီငယ်ရဲ့လက်ဖဝါးနုနုလေးကို လက်တစ်ဖက်နဲ့ လှမ်းကိုင်လိုက်ရင်း ကျောပိုးအိတ်ကို လှမ်းတောင်းလိုက်တယ်။ Krist က ကျောပိုးအိတ် ကမ်းပေးလာပြီး လမ်းလျှောက်လာရာ တလျှောက် ဟိုဟို ဒီဒီ ငေးလို့။

ကြိုက်တတ်တဲ့ ခေါက်ဆွဲအေးဆိုင်ကို ခေါ်သွားရင်းနဲ့ ညီငယ့်ဆီက ဘာသံမှမကြားရဘဲ စားမြဲသာ စားနေတဲ့ပုံလေးကို ငေးကြည့်နေမိတယ်။

" P'Sing စားလာလို့လား? "

" အင်း...အလုပ်က လူတွေနဲ့ "

သူ အထက်တန်းနောက်ဆုံးနှစ်တုန်းကအလယ်တန်း စတက်ခါစ အရွယ်လေးနဲ့ အနောက်ကနေ တကောက်ကောက်လိုက်ခဲ့တဲ့ Krist ကို သတိထားခဲ့မိပေမယ့် Krist အရွယ်ရောက်တဲ့အထိ စောင့်ပြီးမှ တွဲဖို့ပြောမည်ဟု ဆုံးဖြတ်ခဲ့တာကြောင့် ဒီလောက်ထိ
ဒီလိုအခြေအနေဖြစ်လာဖို့ နှစ်တွေကြာနေခဲ့တာ။

ကျောင်းမှာ စီနီယာ ဂျူနီယာအဆင့်တွေ ဆိုပေမယ့် အိမ်ချင်းကလည်း တစ်ရပ်ကွက်ထဲနေတဲ့သူတွေမို့ ရင်းနှီးနေတာကြောင့် ကိုယ်တွေဟာ ဒီအတောအတွင်းလည်း အနေဝေးသွားခြင်းမရှိ။

Short Stories of Peraya And KongArthitWhere stories live. Discover now