Catch me if you can (Z+U)

2.6K 173 8
                                    


ကလေးရေ ~

ကိုယ် တခါတလေ စဉ်းစားမိတယ် ကိုယ်သာ ကလေးရှေ့ရောက်လာပီးဖွင့်ပြောခဲ့မယ်ဆိုရင် ကလေး ခုလို ရယ်မောပျော်ရွှင်နေတာတွေကို ကိုယ်ထပ်မြင်ခွင့်ရပါဦးမလားလို့

ကလေးသာ ကိုယ် ဘယ်သူဆိုတာ သိခဲ့ရင် ကိုယ့်ကို
လက်မခံနိုင်လောက်ဘူးဆိုတာ ကိုယ်သိတယ်လေ ..

ကလေးနဲ့ကိုယ်မနီးနိုင်လည်း ကိုယ်အများကြီးမတောင်းဆိုပါဘူး ... ကလေးကိုဒီလို စာတွေပို့နေခွင့်ရတာနဲ့တင်ကျေနပ်ပါတယ်

Shia !!!!

စာရွက်အနီရောင်လေးကို လုံးခြေပစ်လိုက်ရင်း Kit တယောက်
ဒေါသထွက်နေမိတယ်။

ဒါဘယ်သူက သူ့ကိုစနေပြန်ပီလဲ ? စာရွက်တွေက ဒီတလလုံးအတွင်းမှာ အစောင် ၁၀စောင်လောက်ရနေတာ .. အရင်ရက်တွေက ဘယ်သူဆိုတာမသိသာပေမယ့် ဒီစာပိုင်ရှင်က ဒီတခေါက်သူ့ကိုယ့်သူ " ကိုယ် " လို့သုံးလာတာမို့ ယောက်ျားတယောက်ဆိုတာသေချာနေပီ !!!

" Krist .. အဲ့လောက်စိတ်ဆိုးဖို့လိုလို့လား ? "

" စိတ်ဆိုးတယ် .. ငါ့ကို ယောက်ျားလေးတယောက်က လာကြိုက်နေတာလေ "

" စိတ်ထဲက ကြိုက်တာလေဟယ် နင်နဲ့သူတွဲရအောင်လည်း
လာပြောနေတာမဟုတ်ဘူး "

Pham က စိတ်မရှည်တော့တဲ့ပုံစံနဲ့မျက်စောင်းထိုးပီးပြောလာတယ်။ကျောင်းကန်တင်းမှာ သူနဲ့Pham က တခြားသူတွေကို ထိုင်စောင့်
နေကြတာ ... တခြားသူတွေထဲမှာ သူ့အတွက်အရေးကြီးဆုံးလူလည်းပါတာပေါ့

" နင် Pearl ရှေ့မှာ ဒီအကြောင်းတွေမဟနဲ့နော် ! နဂိုတည်းက ငါ့ကို ဟိုကောင်လေးနဲ့ပေးစား ဒီကောင်လေးနဲ့ပေးစားနဲ့ သူက "

" Krist .. Pearl က နင့်လိုပုံစံကိုမကြိုက်ဘူးနော်။ နင် သူ့ကိုဖွင့်ပြောလည်း အလကားပဲ "

အံမယ် .. မသိရင် သူကပဲ Pearl ကျနေတာပဲ :/

" နင်က Pearl အစား ဘာလို့လာငြင်းပေးနေတာလဲ ? ငါ့ကို Pearl လည်း ကြိုက်ချင်ကြိုက်နေမှာ "

" ဒါက ... ထားလိုက်ပါတော့! နင် စာတွေဆက်ရနေဦးမယ်ထင်တယ် "

Phan ဆီက စာဆိုတဲ့အသံကြားရတာနဲ့ သူမျက်နှာကိုဆူပုတ်လိုက်ပီး

Short Stories of Peraya And KongArthitWhere stories live. Discover now