Crazy little things called love ( Z+U )

1.9K 191 44
                                    

( Zawgyi )

အချစ်ဦးတဲ့ ....

ကျနော့်ရဲ့ ပထမဦးဆုံး ချစ်ရတဲ့သူကို စတွေ့ခဲ့တဲ့အချိန်က ဂျူနီယာ
အငယ်တန်းနှစ်စမှာတည်းက ..ခု ဂျူနီယာအကြီးအတန်းထိတောင်
ရောက်လာခဲ့ပီဆိုတော့ တော်တော် ကြာခဲ့ပီလို့ပဲပြောရမှာပေါ့နော်

အထင်ကြီးနေမှာဆိုးလို့ သေချာရှင်းပြဦးမယ်
P'Singto က ကျနော့်ချစ်သူမဟုတ်ဘူးနော် !!

ချစ် .. ရ .. တဲ့ ..သူ

စီနီယာအငယ်တန်းက P'Singto ဆိုတာ တကျောင်းလုံးမှာ အချောဆုံး .. ကြည့်အကောင်းဆုံးစာရင်းထဲမှာပါတယ်။ ယောက်ျားလေး
ကျောင်းဖြစ်နေတာတောင် ညနေကျောင်းဆင်းချိန်ဆို ကျောင်းရှေ့မှာလာစောင့်နေကြတဲ့ ကျောင်းသူတွေက မနည်းမနောပဲ။

အသားညိုညို ခန္ဓာကိုယ်သိပ်မကြီးလှတဲ့အမျိုးအစားထဲမှာပါပေမယ့် ကြည့်ကောင်းတဲ့မျက်နှာပေါက်နဲ့ ကျနော့်အပြင် လူတော်တော်များများကို ဖမ်းစားနိုင်တဲ့အပြုံးကြောင့် တော်တော်လူသိများတယ်။

ဒီလိုလူကြိုက်များတာကလည်း အဲ့ဘဲကြီးက အဲ့လိုပြုံးပြရယ်ပြနေလို့ပေါ့ :/

အရမ်းစာတော်တာလည်းမဟုတ် အားကစားဘက်လည်း သိပ်မပါဝင် ဂီတအသင်းဘက်လည်းစိတ်မဝင်စားတဲ့ P'Singto က ကင်မရာအမဲ
လေးတလုံးကိုင်ပီး ကျောင်းက ရှိသမျှလူတွေရဲ့ လျှပ်တပြက်ပုံတွေကို ကျောင်းမဂ္ဂဇင်းအတွက် ရိုက်နေတော့တာပဲ

သူ့အင်စတာဂရမ်မှာလည်း ကျနော်သာ follow ထားရတာ အဲ့ဘဲကြီးကတော့ သူရိုက်သမျှလူပုံတွေပဲတင်တယ်။ FB လည်းမသုံး ၊ သုံးတဲ့ Line ကျပြန်တော့လည်း ကျနော့်မှာ မနည်းစုံစမ်းထားရတဲ့
ဖုန်းနံပါတ်ရှိပေမယ့် သွားမဟိုင်းရဲ :(

ဘာလို့ တဖက်သတ်ချစ်ရတဲ့ဘဝကြီးက ကျနော့်ကျမှ လာဖြစ်ရတာလဲ ? ဖြစ်မယ့်ဖြစ် P'Sing က ကျနော့်ကို တဖက်သတ်လိုက်ကြိုက်ပီး လိုက်နေရတဲ့သူသာ ဖြစ်ကြည့် ကျနော်တော့ အိုက်တင်မခံဘဲ တွဲပစ်
ပလိုက်မှာ :)

ဒါပေမယ့် ... ဒါပေမယ့်

အဲ့ဒီအကောင်းစားလူကြီး ပြန်ကြိုက်ရလောက်အောင်လည်း ကျနော်
က ကြည့်မကောင်းနေ။ နားသယ်စပ်နဲ့ မျက်စိအုပ်တဲ့ထိ ပွယောင်း
ယောင်းရှည်နေတဲ့ဆံပင်တွေနဲ့ သွားလေးတွေက ကျို့တို့ကျဲတဲ T_T ရယ်လိုက်မှ မင်းကချစ်ဖို့တော့ကောင်းပါတယ်ကွာလို့ သူငယ်ချင်းတွေစပီး ပြောကြတာပဲကြားဖူးတယ်။

Short Stories of Peraya And KongArthitWhere stories live. Discover now