Art for Arthit 2 (Z+U)

276 29 10
                                    


Unicode
( Art နဲ့ Kongpop ရဲ့ ချစ်သူဘဝ.. )

ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်ကာ Ipad ကိုင်ထားပြီး စာဖတ်နေပုံရတဲ့ Kongpop ကို Arthit က အိပ်ခန်းတံခါး ခပ်ဟဟကြားကနေ ချောင်းကြည့်လိုက်တယ်။

ဘယ်သူ့ကောင်လေးမို့လို့ အဲ့လိုလေး ထိုင်နေတာတောင် ကြည့်ကောင်းနေရသလဲမသိ?မနက် ၉ နာရီသာ ရှိသေးလို့ အိပ်ပုပ်ကြီးတတ်တဲ့ ကိုယ့်ကို မနှိုးသေးဘဲ တစ်​ယောက်တည်း အပြင်မှာ ထိုင်ပြီး ဖုန်းသုံးနေပုံရတယ်။

လက်ထဲမှာ ကိုင်ထားတဲ့ Live လွှင့်လက်စ ဖုန်းမျက်နှာပြင်ဘက်ကို Arthit က ပြန်ကြည့်လိုက်ရင်း ရှုးတိုးတိုးဆိုတဲ့ပုံလေးလုပ်ပြကာ တံခါးကြားကနေ လက်ထုတ်ပြီး Kongpop ထိုင်နေတဲ့ဘက်ကို သူ့ ဖန်တွေကို ပြလိုက်တယ်။

ပြီးမှ လက်ကလေး ပါးစပ်မှာ အုပ်ထားကာ ဖုန်းကို မျက်နှာပြန်ဆိုင်လိုက်ပြီး

" Oon က ဒီကလူတွေ ကြည့်ချင်လွန်းလို့သာ အဆူခံပြီး လုပ်ပြရမှာနော်။ Kongpop က သိတဲ့အတိုင်း လူကြီးစတိုင်လ်.. "

- လုပ်ပါ..ဆူခံပြီးတော့ကို သူ ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာ သိရအောင်လုပ်လိုက် -

လွန်ခဲ့တဲ့အပတ်က Brand တစ်ခုတည်းသုံးပြီး Natural Look for Man မိတ်ကပ်လိမ်းပြတဲ့အချိန် Live မှာ အလှအပအကြောင်းထက် Kongpop နဲ့ တွဲတာ ဘယ်လိုချိုမြိန်နေရပြီလဲတို့ Kongpop က Arthit ကို ဘယ်လိုချစ်တဲ့ပုံပေါ်လဲတို့ စုံနေအောင်မေးကြတာ ခပ်များများ။

ကိုယ်လည်း ပြင်နေရင်းနဲ့ Kongpop အကြောင်း ပြောပြဖြစ်ရင်းကနေ ဒီနေ့လို ဖန်တွေနဲအတူ စမ်းသပ်ကြည့်ဖို့ စီစဥ်မိသွားတော့တာပဲ။

ရေချိုးပြီးတည်းက Ph ကောက်ကိုင်ကာ Live လွှင့်နေတာ Kongpop သိပုံမပေါ်သေး။

" Kong.. မင်း အပြင်ထွက်ပြီး ပြန်လာတာလား? "

မသိချင်​ယောင်ဆောင်ရင်း Live လွှင့်လက်စ ဖုန်းကို မသိမသာကိုင်ထားကာ Kongpop ဘက်လှည့်ထားပြီး မေးလိုက်တော့..

ရုတ်တရက်ကြီး ကိုယ့်အသံကို တိတ်ဆိတ်နေရာက ကြားလိုက်ရလို့လားမသိ Kongpop က တချက်တုန်သွားပြီး လှည့်ကြည့်ကာ ခေါင်းခပ်ဖြည်းဖြည်းခါပြတယ်။

You've reached the end of published parts.

⏰ Last updated: May 15, 2022 ⏰

Add this story to your Library to get notified about new parts!

Short Stories of Peraya And KongArthitWhere stories live. Discover now