Protagonist ( Z+U )

1.2K 113 15
                                    

( Zawgyi )

အိမ်ရှေ့ခန်းရဲ့ဧည့်ခန်းနေရာမှာ ရယ်သံတွေဆူညံနေတယ်။ လူကြီးများရဲ့ကျေနပ်အပြုံးများနဲ့အတူ လူငယ်တသိုက်ရဲ့ စနောက်ရယ်သံတွေက တအိမ်လုံးအပြည့်ဖုံးလွှမ်းလျှက် .... တဖက်တချက်စီမှာထိုင်နေကြတဲ့ လူကြီးစုံတွဲနှစ်တွဲက အပြန်အလှန် စကားတွေပြောနေကြရင်း ပြုံးနေကြသလို ဒီနေ့ရဲ့ အဓိကလူတွေဖြစ်ကြတဲ့ ကောင်လေးနဲ့သူ့အဖော်ကတော့ အလယ်ထိုင်ခုံတန်းရှည်နေရာမှာ နှစ်ဦးတည်းထိုင်ပြီး တီးတိုးပြောနေကြတယ်။

ကောင်လေးရဲ့အဖော်က နားနားကပ်ပြောသမျှကို မခံနိုင်အောင် နားက ယားကျိကျိဖြစ်နေပေမယ့် သည်းခံပြီး
ခေါင်းလေးစောင်းနားထောင်နေတဲ့ ကောင်လေးပုံစံက
ပျော်ရွှင်နေမှန်းအရမ်းသိသာတယ်။ ဘေးက သူ့အဖော်ကလည်း သူရဲ့ယားတတ်တဲ့အကျင့်လေးကို သိလို့လားမသိ တဟိဟိရယ်ရင်း စကားပြောနေရာကနေ
တချက်တချက်ရပ်ပီး လေနဲ့မှုတ်ရှာတော့ ကောင်လေးက
ကြက်သီးထသလိုလိုနဲ့ ကိုယ်လေးတုန်တုန်တက်သွားပုံက အသည်းယားစရာ။

ကောင်လေးရဲ့ပါးချိုင့်လေးကို လက်ညိုးနဲ့ထောက်ပြီး စနေတဲ့ သူ့အဖော်ရဲ့လက်ကလေးကို ဆွဲယူပြီး ကောင်လေးက ဖွဖွငုံ့နမ်းတယ်။ဒါကိုမြင်လိုက်တဲ့ ရှေ့ကထိုင်နေတဲ့ သူငယ်ချင်းတွေက လှမ်းစနောက်ကျတာမို့ ရှက်ပြုံးပြုံးရင်း ခေါင်းငုံ့ချလိုက်တာက နှစ်ယောက်လုံး။

ဖြူဖွေးနေတဲ့အသားအရေကြောင့် သူ့ဘေးကအဖော်ထက် ကောင်လေးရဲ့ပါးနှစ်ဖက်က သိသိသာသာကို ပန်းနုရောင်သန်းချင်နေတယ်။ မှိုလုံးပုံစံဆံပင်လေးကို
ဘေးက သူ့အဖော်က လက်ကလေးနဲ့ဆွဲဖွတော့ ကောင်လေးဆီက ရယ်သံလေးက တဟက်ဟက်နဲ့ ထွက်လာပြန်တယ်။

ဒီနေ့ဟာ ... ဒီလူနှစ်ယောက်ရဲ့ စေ့စပ်ပွဲနေ့

" Kit ကို ခုလို ကောင်းကောင်းမွန်မွန် ချစ်ဖို့ကောင်းတဲ့ သူနဲ့ရသွားမှာ ကျွန်မတို့က ပိုသဘောကျတာပေါ့ အစ်မရယ်။ မဟုတ်ရင် သူ့ကို မဟုတ်မဟတ်လူနဲ့ ရသွားရင် ဒုက္ခဆိုပီး ကျွန်မတို့နှစ်ယောက်က စိုးရိမ်နေရဦးမှာ "

" ကျွန်မတို့ဘက်ကလည်း ကျွန်မတို့ကလေးကို စိတ်ချလက်ချနဲ့ Kit ဆီအပ်လိုက်တော့မှာနော် "

Short Stories of Peraya And KongArthitWhere stories live. Discover now