Couple Seat ( Z+U )

1.7K 161 20
                                    

( Zawgyi )

စိတ်ဆိုးလိုက်တာ !!
မွေးနေ့နီးလာတိုင်း ဘယ်သူ့ကိုမှစိတ်တိုင်းမကျ။ အဓိကက အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကို ပိုလို့တောင် အမြင်မကြည်ချင်။

ဘာအကျင့်လည်းတော့မသိ မွေးနေ့မှာ ကိုယ်လုပ်ချင်တဲ့အစီအစဉ်
အတိုင်းပေးမလုပ်တာရော၊ အဲ့တရက်လုံးအနားမှာမနေပေးနိုင်ကြလို့
ဆိုပီး ချစ်တဲ့သူမှန်သမျှကို စိတ်ကောက်ပစ်ချင်တာ ..

ဒီနေ့မွေးနေ့ရဲ့မနက်ခင်း ...
အဆက်အသွယ် သုံးရက်လောက်မရတဲ့ သူငယ်ချင်းဆီက ဖုန်းခေါ်လာသံကြောင့် သူအိပ်ချင်မူးတူးနဲ့ ဖုန်းကောက်ကိုင်လိုက်တယ်။

" ဘာလဲ !!? "

" ငါ့အိမ်ကိုခဏလာပေးနိုင်မလား Arthit ? စိတ်ဆိုးနေတယ်ဆိုတာသိပေမယ့် ခဏလေးပါ "

Prem က လေသံအေးအေးနဲ့ပြောနေပေမယ့် နောက်ကပြောဖို့သင်
ပေးနေတဲ့ Knot အသံက ဖုန်းထဲက ခပ်သဲ့သဲ့။ ချော့ခေါ်နေကြတဲ့
သူငယ်ချင်းတွေရှိနေတော့လည်း မျက်နှာတောင်မသစ်နိုင်တော့ဘဲ တညလုံးအိပ်ရေးဝထားတဲ့မျက်နှာအစ်အစ်ကြီးနဲ့ ဆောင့်ကြီး
အောင့်ကြီး Prem တို့အိမ်ဘက်ကိုလျှောက်လာဖြစ်ခဲ့တာပါပဲ။

အိမ်တံခါးပွင့်လာတာနဲ့ မွေးနေ့ပါတီဦးထုတ်လေးတွေ ဆောင်းထားကြတဲ့ Prem က ဖယောင်းတိုင် ၁၉ ချောင်းထွန်းထားတဲ့ မွေးနေ့ကိတ်
လေးကိုင်လို့ ၊ Knot ရဲ့လက်ထဲမှာတော့ ကိုယ်ကြိုက်တဲ့ Pinkmilk flavor powder ဘူးကို ဖဲပြားတပ်ထားတာလေး မြင်မိတော့ အလိုလို
ပြုံးမိလာရင်း  မနက်စောစော မွေးနေ့ Surprise ကို ပျော်ပျော်ကြီး
ခံယူပစ်လိုက်တယ်။

" Ai'Arthit .. ငါတို့ ဓာတ်ပုံရိုက်ထားတဲ့ပုံတွေကို FB ပေါ်တင်လိုက်
မယ်နော် "

" အေး .. ငါလည်း ငါ့ account မှာ တင်မယ် "

ပုံတင်ပီး ဘယ်လောက်မှမကြာဘူး သုံးယောက်သားအိပ်ရာထဲမှာ
လှဲရင်း ပုံအောက်က Comment တွေကိုထိုင်ဖတ်တော့တာပဲ ..

- Happy Birthday na .. မွေးနေ့မှာပျော်ရွှင်ပါစေ -

မွေးနေ့ပုံဆိုမှတော့ မွေးနေ့ဆုတောင်းတွေတပုံတပင်တက်လာမှာက
မဆန်းပေမယ့် ကိုယ်နဲ့မသိတဲ့သူဆီက မွေးနေ့ဆုတောင်းလေး ကိုယ့်ပုံအောက်မှာပေါ်လာတော့ စပ်စပ်စုစုနဲ့ reply မပြန်သေးဘဲ

Short Stories of Peraya And KongArthitWhere stories live. Discover now