The rest of my life ( Z+U )

1.2K 106 3
                                    

( Zawgyi )

Sing's POV

" P'Sing ... Laila ရဲ့ပန်းစည်းကို ခုထိလာမပို့သေးဘူး P' သွားယူပေးမလား ? "

သတို့သမီးရဲ့ဂါဝန်အနားစကဇာတွေကို လှအောင်ညှိပေးနေတဲ့ကောင်လေးက ခေါင်းငုံ့အလုပ်များနေတာတောင် ဘေးကရပ်ကြည့်နေတဲ့ သူ့ကိုအလုပ်ပေးလာတယ်။ဒီနေ့အတွက် Laila ကို အရမ်းလှတဲ့ သတို့သမီးအဖြစ် ဖန်တီးပေးတဲ့ကောင်လေးကိုပဲ ကျေးဇူးတင်ရမလား ? အရင် သွားယူပေးမယ်ဆိုပြီးပဲပြောရင်းထွက်လာရမလား ?

" P' ? "

ခေါင်းမော့ကြည့်လာတော့မှမြင်ရတဲ့မျက်ဆံနက်နက်လေးတွေကြောင့် သူအလိုလိုခေါင်းညှိတ်ပြရင်း သတို့သမီးပြင်ခန်းထဲမှ ထွက်လာလိုက်တယ်။ တောင်းဆိုချက်အတိုင်း ခပ်သုတ်သုတ်သွားနေမိတာက မင်္ဂလာပန်းစည်းလာပို့ဖို့နောက်
ကျနေတဲ့ ပန်းဆိုင်ဆီ။ ပန်းနုရောင်နဲ့ခရမ်းရောင်ပန်းဖတ်လေးတွေကိုပန်းကုံးအဖြစ်လုပ်ထားတဲ့ပန်းသရဖူလေးပါ သတိထားပြီးသယ်နေရတာမို့ လုံးတုံးတုံးနဲ့ လက်ကိုင်ပန်းဘောလုံးလေးကိုပါ သေချာပိုက်လာခဲ့ရင်း ကောင်လေးရှေ့မှာချပေးလိုက်တယ်။

" ကျေးဇူး P' "

စားပွဲပေါ်က ပန်းသရဖူလေးကို ဖင်ပြန်ခေါင်းတပြန်ကြည့်ရင်း ကျေးဇူးတင်စကားဆိုလာတဲ့ကောင်လေးကြောင့်သူ့မျက်နှာက အနည်းငယ်ညှိုးကျသွားတယ်။ဒီလောက်တောင် ကူညီပေးထားတဲ့ဟာ ... နည်းနည်းတော့ အဖတ်လုပ်သင့်တယ်။

" P'Sing ... N' လှလား ? "

Laila က မှန်ထဲမှာမြင်နေရတဲ့သူ့ကို စိုက်ကြည့်ပီးမေးလာတော့ သူ နောက်ကနေ Laila ရဲ့ပုခုံးလေးကို ခပ်ဖွဖွကိုင်ရင်း

" ဒီနေ့အတွက် ဒုတိယအလှဆုံး "

ငယ်ငယ်လေးတည်းက ဒီညီမလေးတယောက်တည်းကို စနောက်ပြီးကြီးလာ ရေတဲ့သူ့အတွက်က ခု ညီမလေးကို တခြားယောက်ျားတယောက်ရဲ့လက်ထဲထည့်ပေးရတော့မယ့်အချိန်အထိ စလို့မဝနိုင်သေး။ သူ ခပ်နောက်နောက်ပြောလိုက်တဲ့စကားကို Laila က အထာနက်နေပေမယ့် ထိုကောင်လေးကတော့ မျက်မှောင်လေးပါကျုံ့တဲ့အထိ သူ့ကိုစိုက်ကြည့်လာရင်း

Short Stories of Peraya And KongArthitWhere stories live. Discover now