( Zawgyi )အရမ်းရင်းနှီးလွန်းနေတဲ့ကားစက်သံကြားတာနဲ့ အိမ်အောက်ကဧည့်ခန်းဆီကို ဝုန်းဒိုင်းကြဲပြေးဆင်းလာရင်း ဆိုဖာပေါ်မှာတည်တည်ငြိမ်ငြိမ်ရုပ်နဲ့ထိုင်လိုက်တယ်။ ကိုင်လာတဲ့ဖတ်စာအုပ်ကို ဖွင့်ဖတ်ရင်း စာလုပ်နေတဲ့ပုံစံမျိုးနဲ့ထိုင်နေရင်တော့ ဝင်လာမယ့်သူက သူပြေးဆင်းလာတဲ့အဖြစ်ကို သိလောက်မယ်မထင်။
အိမ်ထဲဝင်လာတဲ့ခြေသံက ဧည့်ခန်းရှေ့မှာမှ ရုတ်တရက် ရပ်သွားတဲ့အတွက် သူ ဝမ်းသာအားရနဲ့ခေါင်းမော့
ကြည့်တော့ အိမ်ထဲဝင်လာတဲ့သူဆီကနေ အကြည့်စိမ်းစိမ်း တချက်သာရလာခဲ့တယ်။" P' ... အိမ်မှာ ဘယ်သူမှမရှိဘူး ဧည့်ခံပွဲသွားကြတယ် "
စကားစတဲ့အနေနဲ့ကြိုပြောပေးလိုက်ပေမယ့် ခေါင်းတောင်တချက်မညိမ့်ပြဘဲ တဖက်လူက အပေါ်ထပ်မှာရှိတဲ့သူ့အခန်းထဲကို တန်းတန်းမတ်မတ်ထဲဝင်သွားတယ်။
သူ့ဘက်က ဘယ်လောက်ပဲကြိုးစားပြီး စကားပြောရအောင်လုပ်ခဲ့လုပ်ခဲ့ ဘယ်သောအခါမှ ထိုသူနဲ့စကားပြောဖို့ဖြစ်မလာခဲ့ ... ကလေးတယောက်လို ကျွန်တော်နဲ့ဘာလို့စကားမပြောတာလဲ ခေါ်မှာလား မခေါ်ဘူးလားမေးလို့လည်းမရတဲ့အဖြစ် :/
ဧည့်ခံပွဲက ညလုံးပေါက်ကျင်းပမှာမို့ အိမ်ကလူတွေ
မရောက်လာခဲ့တဲ့ အခုညက သူထင်ထားခဲ့သလိုပဲ
တအိမ်လုံးမှာ လူနှစ်ယောက်ရှိနေပေမယ့် တယောက်
တည်းပဲရှိနေရသလို အထီးကျန်နေခဲ့တယ်။" Kit !!! မင်းဆင်းလာရင်းနဲ့ P'Sing ကိုပါနှိုးလာပေးဦး "
မနက်မိုးလင်းတာနဲ့ အိမ်အောက်ထပ်လှေကားရင်းကနေ အပေါ်ထပ်ကို အသံပြဲနဲ့လှမ်းအော်နေတဲ့ အသံကြောင့် ကျောင်းသွားဖို့ပြင်ဆင်နေရာကနေ လှေကားထိပ်ဘက်ကိုထွက်ပြီး
" တိုးတိုးလုပ်ပါ .. ညကသွားလာထားတာမပင်ပန်းတဲ့အတိုင်းပဲ .. ဘေးအိမ်ကလူတွေပါ ကိုကိုးအာပြဲနေလို့
အကုန်နိုးတယ် စိတ်ချ ! P'Sing မနိုးမှာတော့မပူနဲ့ "" မသိဘူးလေကွာ ! သူ့အစ်မက မနက်စာစားဖို့ခေါ်ခိုင်းနေပြီ။ ၂ယောက်လုံးမြန်မြန်ဆင်းလာကြဦး "
YOU ARE READING
Short Stories of Peraya And KongArthit
FanfictionCompleted / Start Date: December 1 , 2019 အတွေးထဲမှာ ပေါ်လာတိုင်း KongArt/KristSing အတွက် ရေးပေးဖြစ်နေမယ့် အပိုင်းတိုလေးတွေကို စုပြီးဖော်ပြပေးထားမယ့် Fanfiction ( Short Stories Book) ပါ။ တစ်ခန်းရပ် အပိုင်းတိုသီးသန့်ပါ။ ဇာတ်လမ်းအရှည်အဖြစ် ရေးမယ့်အပိ...