♡︎five♡︎

613 55 8
                                    

#Unicode

[ Sunghoon's About ]

လူတွေကပြောတယ် ကျနော်က 'နတ်ဆိုး'၊ မကောင်းတဲ့သူ၊ ရိုင်းစိုင်းတဲ့သူပါတဲ့လေ

ရယ်ရတယ်...ကျနော် ရည်းစားရှုပ်တယ် မှန်တယ် ဒါပေမယ့် ဘယ်တော့မှသူများသားသမီးကိုစော်ကားတဲ့အထိမယုတ်မာဖူးဘူး...အထည်အလဲလဲတွဲတယ် ဆိုးတယ် ရိုင်းတယ် သူလုပ်ခဲ့တာအားလုံးကလည်းအိမ်က ဒယ်ဒီ ဖားသားကြီးကိုရွဲ့ချင်ရုံသပ်သပ်...ဒယ်ဒီကစီးပွားရေးသိပ်မက်သည် ကျနော့်အမေကိုလည်းချုပ်ချယ်သလို သူအဆင်မပြေလာတိုင်း နှိပ်စက်တတ်တဲ့မြင်ကွင်းကို ၄နှစ်သားကလေးတစ်ယောက်ဖြစ်တဲ့ကျနော် မြင်နေကြားနေရတယ် အမြဲတစေ နှိပ်စက်တိုင်း ပြန်မပြောပြန်မလုပ်တဲ့ အမေဖြစ်သူကိုမြင်လာရတာများတော့ ဒယ်ဒီကိုမုန်းပစ်ချင်သည် တစ်နေ့မှာ

"သားဒယ်ဒီကိုမုန်းတယ် မေမေ...သားတို့ဘွားဘွားရှိတဲ့ ရွာလေးကိုမေမေနဲ့အတူပြန်ရအောင်..သားဒီမှာမနေချင်တော့ဘူး"

တစ်ခါမှမအော်ဖူး မဆူဖူးတဲ့အမေက ဒီစကားတစ်ခွန်းပြောလိုက်တာနဲ့ ခက်ထန်နေပါတော့သည်

"တိတ်စမ်းဆောင်းဟွန်း! မင်းဒီမှာနေကိုနေရမယ် တစ်ချိန်ကျရင် ဒီပတ်ခ်စံအိမ်တော်ကြီးနဲ့ပိုင်ဆိုင်မှု့တွေအားလုံးက မင်းလက်ထဲရောက်ကိုရောက်လာရမှာ...ထပ်ပြီးတော့ ထွက်သွားမယ် ဆိုတဲ့စကားကိုမပြောနဲ့ နောက်တစ်ခါဆိုရင်ငါမင်းကိုအပြစ်ပေးရလိမ့်မယ်... အရွယ်ရောက်လာတဲ့အခါ မင်းကပိုင်ဆိုင်မှု့အားလုံးရဲ့ပိုင်ရှင်ဖြစ်ရမယ်ဆိုတာခေါင်းထဲမြဲမြဲမှတ်ထား...ညနေ ဒယ်ဒီ့မိတ်ဆွေတွေအိမ်ကိုလာမှာ ပြင်ဆင်စရာရှိတာပြင်ဆင်ထား မင်းဒယ်ဒီမျက်နှာပျက်အောင်မလုပ်နဲ့ ငါဒါဘဲပြောမယ်"

အဲ့နေ့က ကျနော် အခန်းထဲမှာအချိန်အကြာကြီးငိုခဲ့တယ်...ကျနော်ကဘာအတွက်မွေးဖွားလာတာလဲ တကယ်​တမ်းတွေးကြည့်ရင် ဒယ်ဒီကော မာမီ ကောနှစ်ယောက်လုံးကသူ့ကိုချစ်ရဲ့လားဆိုတာ သူမသိ...မွေးလာတည်းက​ပျော်ရွှင်ခြင်းဆိုတာလည်းသူမသိဘူး ကလေးဘဝအမှတ်တရဆိုလို့ ဒယ်ဒီတို့ရန်ဖြစ်တဲ့ အမှတ်တရဆိုးဘဲသူ့မှာရှိသည်။
.
.
.
.
.
.
.
.
.
သူ၁၀နှစ်အရွယ်လောက်မှာတော့ အမေဖြစ်သူက မွေးရာပါ သွေးကင်ဆာနဲ့ဆုံးပါးသွားခဲ့သည်။
ဒယ်ဒီကတော့ စိတ်ရင်းလား လူတွေရှိလို့ဟန်ဆောင်တာလားတော့မပြောတတ် ငိုနေလိုက်တာများ အဟက်! နှိပ်စက်တုန်းကသူမဟုတ်တဲ့အတိုင်း မျက်နှာနှစ်မျိုးနဲ့သူတွေကကြောက်ဖို့ကောင်းတယ်ဆိုတာ ဒယ်ဒီ့ကိုမြင်မှနားလည်လာတော့သည်။

' Devil ' [Completed]Where stories live. Discover now