♡︎eighteen♡︎

478 45 4
                                    

#Unicode
ဂေဟာထဲကိုဝင်လိုက်တာနဲ့ ဆော့နေကြတဲ့ကလေးတစ်အုပ်လုံးကသူတို့နှစ်ယောက်ကိုမြင်တာနှင့်အော်ဟစ်ကာပြေးလာကြသည်။

"ယေးးး ကိုကိုလာပြီ!"

ကလေးတစ်အုပ်လုံး ပြေးလာတာသည် သူ့
ကြောင့်မဟုတ်ဘူးဆိုတာဟီဆွန်းသိပါသည်။ သေချာပေါက်မောင့်ကိုခေါ်ကာပြေးလာကြခြင်း။ မောင့်ကိုမော့ကြည့်တော့လည်း ထိုကလေးအုပ်ကိုပြုံးကြည့်နေတာ ပါးချိုင့်လေးကိုထင်းလို့။ သူ့လက်ကို​တော့မောင်ကအခုထိလွှတ်မပေးသေးပေ။

"ကိုကို့ကိုမျှော်နေတာ သမီးတို့က"

ကလေးများထဲက သွက်သွက်လက်လက်ကလေးမလေးတစ်ယောက်က မောင့်ကိုကြည့်ပြီး ပြောနေလေသည်။

"ကိုကိုအခုတလော မအားတာနဲ့မလာဖြစ်တာ ဒါပေမယ့်ဟိုတစ်ပတ်က ကိုကိိုပို့ပေးလိုက်တဲ့မုန့်နဲ့အရုပ်လေးတွေရတယ်မှတ်လား"

မောင်က ထိုကလေးမလေးကိုချီကာ ပြောသည်။ မောင့်ကို ကလေးတွေနဲ့အခုလိုတရင်းတနှီးနဲ့သက်သောင့်သက်သာဖြစ်နေသည်ကိုတစ်ခါမှမမြင်ဖူးခဲ့...အခုလိုပုံကငါသိခဲ့ရတဲ့ မောင်မှဟုတ်ရဲ့လား။

"ရတယ်ကိုကို..ဒါနဲ့လေ ကိုကို့ဘေးက သူကဘယ်သူလဲဟင်"

မောင့်ကိုငေးလိုက် ထိုကလေးတွေကိုငေးလိုက်နှင့်အလုပ်ရှုပ်နေတဲ့သူ့ကို မောင့်လက်ပေါ်က ကလေးမလေးကမေးငေါ့ပြကာ မောင့်ကိုမေးနေလေသည်။

ထိုကလေးမလေးကိုချီရာကနေ အောက်ကိုချပေးပြိး သူ့ပုခုံးကိုဆွဲဖက်ကာ ကလေးတွေအားပြန်ပြောလိုက်သောစကားကြောင့် ပါးနှစ်ဖက်လုံးပူထူသွားတော့သည်။

"ဒါက ကိုကိုပြောပြောနေကျ ကိုကို့ရဲ့ နတ်သားလေးလေ"

အသားညိုညို ကျစ်စမြီးလေးနဲ့ကကောင်မလေးတစ်ယောက်မှ ပြောလိုက်သော စကားကြောင့်မဆီမဆိုင် ခေါင်းကိုငုံ့မိသွားကာလည်ပင်းကိုသာ ပွတ်သပ်မိသည်။

"ဝါး ကိုကိုပြောသလိုဘဲ ဒီကိုကိုက နတ်သားလေးလိုဘဲသိလား ဟီးဟီး"

ဆောင်းဟွန်းကတော့ အရှက်သည်းနေတဲ့သူ့ကောင့်လေးမျက်နှာကိုကြည့်ပြီး အသည်းတစ်ယားယား။

' Devil ' [Completed]Onde histórias criam vida. Descubra agora