#Unicode
ကျေးငှက်ကလေးများ တကျီကျီအော်မြည်သံကြောင့် ဟီဆွန်းတစ်ယောက်နိုးလာတော့သည်။
နိုးနိုးခြင်း သူ့တစ်ကိုယ်လုံးဟာမောင့်ရင်ခွင်ထဲတွင်ရောက်နေပြီးမောင်ကသူ့ခါးကိုတင်းကြပ်အောင်ဖက်ထားလေသည်။
မနက်တိုင်းမောင်နဲ့အတူဒီလိုနှိုးထချင်ပါသည်။ မောင်ဟာအိပ်ပျော်နေတဲ့အချိန်မှာတောင် ချောမောမှု့ကပျောက်မသွား...မောင့်နှာတံချွန်ချွန်လေးရဲ့ဘေး ဘယ်ဘက်တွင်မှည့်နက်ကြီးကြီးတစ်လုံးရှိသည်။ မောင့်မျက်နှာပေါ်တွင်မှည့်တွေကသူ့ထက်ပိုရှိသည်။ ဒါပေမယ့် ဒီမှည့်နက်လေးကတော့အထင်းဆုံးဘဲ...မျက်နှာကိုရှေ့တိုးကာ ထိုမှည့်နက်လေးကိုနမ်းလိုက်ပြီး"မော်နီးပါမောင်"ဟုပြောပြီးတာနှင့်သူဟာသူရှက်ပြီး ရင်ခွင်ထဲကနေပြေးထွက်ကာ ရေချိုးခန်းသို့ပြေးဝင်သွားတော့သည်။
တစ်အောင့်နေတော့ ကုတင်ပေါ်ကအိပ်ချင်ယောင်ဆောင်နေတဲ့ဆောင်းဟွန်းမှာ မျက်စိကိုဖွင့်ကာ ကြောင်နေမိသည်။ မနက်မိုးလင်းကြီး ထိုကလေးက ရင်ခုန်အောင်ပြုစားသွားပြန်ပြီ။ ထို့နောက် သူ့မှည့်နက်လေးကိုလက်ဖြင့်ထိကာ
နှုတ်ခမ်းတစ်စုံဟာလည်းကွေးညွှန့်လို့သွားတော့သည်။ကျောင်းတက်နေတဲ့တစ်လျှောက်လုံး မောင်ကသူ့ကိုအရင်ကထက်ပိုဂရုစိုက်ပါသည်။ တစ်ကျောင်းလုံးကအစသူ့ကိုချီးကျူးကြသလို အားကျတဲ့သူတွေလည်းရှိပါသည်။ ဆောင်းဟွန်းလိုလူကို လိမ္မာအောင်လုပ်နိုင်တဲ့သူအမျိုးမျိုးပြောကြပေမယ့် တကယ်တမ်းတော့မောင်က အရင်တည်းကဖြူစင်တဲ့နှလုံးသားလေးရှိပြီးသား။ မောင်ပြောသလိုလူတွေကသာ သူဘယ်လိုနေတယ်ဆိုတာဘဲလိုက်ကြည့်ပြီးပြောနေခြင်းသာဖြစ်သည်။
"ဟော ကိုယ့်ရဲ့ကလေးလေးကဘာတွေငေးနေတာတုန်း"
ကန်တင်းမှာမောင့်အလာကိုစောင့်နေရင်း အတွေးလွန်နေတာကြောင့် မောင်ရောက်လာတာတောင်မသိလိုက်။
"မောင်အခုမှရောက်တာလား"
"မောင်ကရောက်တာကြာပေါ့ မင်းလေးကဘာတွေတွေးနေလို့ကိုယ့်ကိုတောင်မမြင်ရတာလဲ"
ESTÁS LEYENDO
' Devil ' [Completed]
FanficPark Sung Hoon X Lee Hee Seung 𝘙𝘈𝘊𝘏𝘌𝘓☕︎ ♡︎𝑶𝒘𝒏𝒔𝒕𝒐𝒓𝒚 : 𝑶𝒘𝒏𝒄𝒓𝒆𝒂𝒕𝒊𝒐𝒏♡︎