♡︎fourteen♡︎

551 47 2
                                    

#Unicode
"ဘယ်သူပါလဲ...ဟင်! ခင်များ!"
အရှေ့က သူကို ​ဟီဆွန်းကောင်းကောင်းကြီးမှတ်မိပါသည်။ ထိုမိန်းကလေးကိုမြင်တာနဲ့ ဒေသရောဝမ်းနည်းမှု့ပါ ​ထပ်မံပေါ်လာပြန်တော့သည်။

"ခင်များ ဒီကိုဘာလာလုပ်တာလဲ...ကျနော်တို့ကြားကဘာများပြသနာရှိလို့ပါလဲ"

သူ(မ)ကိုမျက်လုံးစိမ်းနဲ့ကြည့်နေပုံက ဆောင်းဟွန်း ဟိုနေ့က သူ့ကိုကြည့်သလိုမျိုးပါလား ဆောင်းဟွန်းကောင်လေးပုံစံလေးကအစွာလေးပြီးတော့ချစ်စရာလည်းကောင်းတယ်
'အင်းလေ ဒီလောက်ချစ်စရာကောင်းနေမှတော့ ဆောင်းဟွန်းသဲသဲလှုပ်နေတာလည်းမဆန်းပါဘူးလေ'

ထိုကောင်လေးကိုကြည့်ပြီးသူ(မ)ပြုံးလိုက်မိသည်။

"ကိစ္စကတော့ အမ မောင်လေးကိုရှင်းပြချင်တာလေးတွေရှိလို့ပါ...အမကိုအိမ်ထဲပေးဝင်ပါအုန်းလား"

ထိုမိန်းကလေး ကသူ့အပေါ် ခပ်မာမာမဟုတ်ဘဲ ကောင်းကောင်းမွန်မွန်ပြောနေတာမို့ သူကရိုင်းနေရင်မကောင်းပါ ပြီးတော့တစ်ဖက်သားကမိန်းမသား...ဘယ်လောက်ပဲဆောင်းဟွန်းနဲ့ပတ်သက်တဲ့သူဖြစ်ပါစေလေ အိုမားကသူ့ကိုဆုံးမဖူးပါသည်..မိန်းကလေးတွေကကိူယ့်အပေါ်ရိုင်းရင်လည်းပြန်ပြီးမရိုင်းရဘူးတဲ့...ထို့အတူ ရှင်းပြစရာဆိုသောစကားကိုသိချင်တာလည်းပါသည်။

"ရပါတယ်..ဝင်ခဲ့ပါ"

ဧည့်ခန်းထဲတွင်ထိုင်စေကာ အအေးတစ်ခွက်ယူပြီးထွက်လာသောဟီဆွန်း...
အအေးခွက်ကိုသူ(မ)ရှေ့ချပေးကာ

"သောက်ပါအုန်း...ပြီးတော့လာရင်းကိစ္စလေး"

အအေးတစ်ငုံသောက်ပြီး သူ(မ)သက်ပြင်းချသံကို ဟီဆွန်းကောင်းကောင်းကြီးကြားလိုက်ပါသည်

"အင်းး...အမဘယ်စပြောရမလဲမသိပေမယ့် အရင်ဆုံးမောင်လေးနဲ့ဆောင်းဟွန်းကိုတောင်းပန်ပါတယ်...ဖြစ်ခဲ့တဲ့ကိစ္စက ဆောင်းဟွန်း စိတ်ပါခဲ့တာမဟုတ်ပါဘူး...အမကိုယ်တိုင်ဆေးခတ်ခဲ့တာပါ"

"ဘယ်လို!!"

အရှေ့ကမိန်းကလေးမှာ ခေါင်းကိုငုံ့ကာသူ့အပြစ်သူသိသလိုတောင်းပန်ရှာသည်။

' Devil ' [Completed]Donde viven las historias. Descúbrelo ahora