#Unicode
မနက်က အဖြစ်အပျက်ကိုပြန်တွေးလိုက်တိုင်း အရိုင်းအစိုင်းကောင်ကိုဒေါသထွက်ရလေသည် တစ်ဆက်တည်း ထိုအနမ်းကိုသဘောကျမိတဲ့မိမိကိုယ်တိုင်ကိုလည်းအမြင်ကတ်ပါသည်။ရှက်တာရော ဒေါသဖြစ်တာရောပေါင်းပြီး အတန်းတောင်တစ်ချိန်ဘဲတက်ပြီး ကွန်ဒိုကိုဘဲပြန်လာခဲ့ရသည်" မကောင်းတဲ့သူ...သူများရဲ့ပထမဆုံးအနမ်းကိုယူသွားတယ် အင့်ဟာ အယုတ်တမာ "
ပြောလည်းပြောရင်း ဘေးကကြောင်အရုပ်ကိုယူကာ အရိုင်းအစိုင်းရဲ့မျက်နှာကိုမြင်ယောင်ပြီးထုပလိုက်သည်။
ဒေါက်ဒေါက်ဒေါက်
ထိုအချိန်တွင် အခန်းတံခါးအားလာခေါက်သောအသံကြောင့် ခန္ဓာကိုယ်ပင် မတ်သွားသည်။
'ညဘက်ကြီး ဘယ်သူပါလိမ့် ထယ်ဂျွန်းများလား'တံခါးအားဖွင့်ကာ
"ဘယ်သူပါလဲ...ဟင်!ဟိုအရိုင်းအစိုင်း"
"ဧည့်သည်ကို မတ်တပ်ကြီးထားမလို့လား အထဲတောင်ပေးမဝင်ခိုင်းတော့ဘူးလား"
အထုတ်ပေါင်းများစွာနဲ့ ရောက်လာသောသူ...ကွန်ဒိုကိုရော သူဘယ်လိုသိရပြန်တာလဲ သူ့ကိုမြင်တော့မနက်ကအဖြစ်အပျက်ကိုတောင်သတိရပြီး မလုံမလဲတောင်ဖြစ်လာသည်။
" ဟက်! ညောင်းလာပြီလို့ အိမ်ထဲပေးဝင်ပြီးမှဆက်ပြောကြတာပေါ့"
ရယ်သံကိုက အမြင်ကတ်စရာ သူများဆိုဖာပေါ်ကျကျနနဝင်ထိုင်နေတာ သူ့ကွန်ဒိုလားအောက်မေ့ရတယ်
" မင်းငါ့ကွန်ဒိုကိုဘယ်လိုသိတာလဲ ပြီးတော့မင်းနဲ့ငါကသူငယ်ချင်းလည်းမဟုတ်ဘူး ငါ့ကိုလာမပတ်သက်နဲ့အထူးသဖြင့်မင်းတို့လို အရာရာကိုပိုက်ဆံနဲ့ဖြေရှင်းတတ်တဲ့သူတွေကိုပိုမုန်းတယ်"
ဆောင်းဟွန်းတစ်ယောက် မေးခွန်းပေါင်းများစွာမေးပြီး အတင်းတွေသူ့ကိုမကောင်းတဲ့စာရင်းသွင်းနေသောအရှေ့ကအကောင်ပေါက်ကိုဝါးစားပစ်ချင်လာသည်။
"မေးခွန်းကလည်းများလိုက်တာ...ငါဗိုက်ဆာလို့ ဘာရှိလဲ"
VOCÊ ESTÁ LENDO
' Devil ' [Completed]
FanficPark Sung Hoon X Lee Hee Seung 𝘙𝘈𝘊𝘏𝘌𝘓☕︎ ♡︎𝑶𝒘𝒏𝒔𝒕𝒐𝒓𝒚 : 𝑶𝒘𝒏𝒄𝒓𝒆𝒂𝒕𝒊𝒐𝒏♡︎