♡︎Final♡︎

811 45 18
                                    

#Unicode

"ခဏခဏလာမတွေ့နိုင်လို့တောင်းပန်ပါတယ် ဒယ်ဒီ"

အုတ်ဂူပေါ်ကဖုန်တွေကိုလက်နဲ့ခါရင်း လွန်ခဲ့တဲ့အချိန်တစ်ခုကအဖြစ်အပျက်ဆီသို့။


flash back>>>>

'ဟီ' ရဲ့ရောဂါအခြေအနေကိုသိပြီးဆေးကုရန်ဆရာဝန်နဲ့တိုင်ပင်ဖို့ဆေးရုံသို့ထွက်လာခဲ့ကြတဲ့တစ်နေ့။ ဝမ်းနည်းစရာအဖြစ်အပျက်ကော ဝမ်းသာစရာအဖြစ်အပျက်ကိုပါခံစားခဲ့ရ​တဲ့နေ့တစ်နေ့ဆိုလည်းမမှားပါ။

"ဘာမှမစိုးရိမ်နဲ့နော် 'ဟီ'...သေချာပေါက်မောင့်အသက်ကပြန်ကောင်းလာမှာ"

တုန်ရီနေတဲ့ 'ဟီ' ရဲ့လက်တွေကိုဆုပ်ကိုင်ရင်းမ​စိုးရိမ်ဖို့ပြောပြနေတဲ့သူက​ 'ဟီ'အပေါ် ပိုလို့တောင်စိုးရိမ်လွန်နေခဲ့တာကိုတော့မထုတ်ပြခဲ့။သူကတော့ချစ်ရသူရှေ့မှာသန်မာနေရမယ်လေ။

ဆေးရုံက ဟိုတစ်ခါ 'ဟီ' ပြခဲ့တဲ့ဆေးရုံသို့သာပြန်လာလိုက်သည်။ 'ဟီ' ကလည်းအဲ့မှာဘဲပြမယ်ပြောတာ​ကြောင့်ဖြစ်သည်။

သူနာပြုဆရာမ၏ ဝင်လို့ရပြီဆိုသောအသံနှင့်အတူပိုလို့ပင်တုန်ရီလာသော 'ဟီ'ရဲ့လက်။တစ်ဆက်တည်းသူ့ကိုမော့ကြည့်လာတာမို့ ပြန်ပြုံးပြလိုက်သည်။ အဆင်ပြေသွားမှာ ဆိုတဲ့အပြုံးမျိုးဖြင့်။







အခန်းထဲရောက်တော့ ဆရာဝန်က ဟီ ကိုတွေ့တာနဲ့ အံ့သြကာ ဝမ်းသာသလိုမျက်နှာမျိုးဖြင့်ကြည့်လာသည်။ သူရော 'ဟီ'ရော နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်သည်။

"အီဟီဆွန်းမှတ်လား..ဒေါက်တာမင်းကိုအရေးတကြီးပြောစရာရှိလို့ဖုန်းဆက်သေးတယ်လုံးဝမကိုင်ဘူး"

ဒေါက်တာ၏ အပြောကြောင့်နှစ်ယောက်လုံးမှာအူကြောင်ကြောင်ဖြစ်သွားရသည်
မနေနိုင်တဲ့သူကဘဲဒေါက်တာ့ကိုမေးခွန်းထုတ်မေးတော့သည်။

"ဘာကိုလဲဒေါက်တာ..ကျနော့်ကိုအရေးတကြီးပြောမယ်ဆိုတာဘာလဲဟင်"

' Devil ' [Completed]Donde viven las historias. Descúbrelo ahora