♡︎six♡︎

595 51 4
                                    

#Unicode
အခုတလော ဟိုအရိုင်းအစိုင်းကို မတွေ့ရတော့ချေ...မတွေ့ရတာလည်း​ကောင်းတာဘဲ မျက်စိနောက်သက်သာတာပေါ့
'နေမကောင်းလို့များလား ဒါမှမဟုတ် ရန်ဖြစ်ပြီးထောင်တွေဘာတွေကျနေတာလား'

မတွေ့ရလည်းကောင်းတယ်သာ ပါးစပ်ကပြောနေပေမယ့်စိတ်ထဲတွင်စိတ်ပူနေသောသူ...

'ကျစ်! ထောင်ကျလည်းသူ့အဖေက ဝန်ကြီးဘဲ သူ့သားကိုပစ်တော့မထားလိုက်ပါဘူး တကယ်လို့နေမကောင်းဘူးဆိုရင်ကော ဂရုစိုက််မယ့်သူရှိပါ့မလား'

တကယ်ဘဲအဲ့အရိုင်းအစိုင်းကောင်က သူ့ကိုစိတ်ထဲထိတောင်နှောက်ယှက်နေတုန်း။

"အိုမား!!"

အတွေးလွန်နေတုန်း နောက်ကနေ ပုခုံးကိုအပုတ်ခံလိုက်ရတာကြောင့်လန့်သွားတော့သည် စိတိထဲတွင်တော့ အရိုင်းအစိုင်းလို့တောင် မဆီမဆိုင်တွေးမိလိုက်သေးသည်။

"ဟဲဟဲ သူငယ်ချင်းငါပါကွ..အဲ့လောက်တောင်လန့်သွားရလား"

တွေးမိတဲ့သူမဟုတ်တာကြောင့် အနည်းငယ်​တော့စိတ်မကောင်းဖြစ်မိသည်။

မျက်စိမျက်နှာပျက်နေသော ဟီဆွန်းကို ထယ်
ဂျွန်းတစ်ယောက် မနေနိုင်စွာထုတ်မေးမိသည်

"ဘာဖြစ်နေတာလဲ မင်းမျက်နှာက မသာမယာနဲ့"

သူ့မျက်နှာကအဲ့လောက်တောင်သိသာနေတာလား

" မ..မဖြစ်ပါဘူး ဒီအတိုင်း နေလို့သိပ်မကောင်းလို့ပါ"

" အဲ့တာများကျောင်းကိုလာနေသေးတယ် တစ်ရက်လောက်ပျက်လိုက်လည်း မင်းလိုစာဂျပ်ိုးအတွက်က အေးဆေးပါ"

"ရပါတယ် အဲ့လောက်အခြေအ​နေဆိုးနေတာမဟုတ်ပါဘူး ဒါနဲ့လေ ဟိုအရိုင်းအစိုင်း...အဲ ဟုတ်ပါဘူး ဟိုဆောင်းဟွန်းဆိုလား သူ့ကိုလေ အတန်းထဲမှာမတွေ့တာတောင်ကြာပြီနော်"

မတတ်နိုင် ထယ်ဂျွန်းက ကျောင်းမှာဘာဖြစ်တာကအစမသိမရှိတဲ့သူမို့ အရဲစွန့်ပြီးထုတ်မေးလိုက်သည်...ထယ်ဂျွန်းကတော့ သူ့ကိုမယုံသလို မျက်နှာဘေးနဲ့လာကြည့်တော့သည်

" ဘာလဲ မင်းအကြည့်က"

" အဟမ်း...သိနေတယ် သိနေတယ် ဟွန်း"

' Devil ' [Completed]Donde viven las historias. Descúbrelo ahora