♡twenty two♡

526 48 10
                                        

#Unicode
မဂ်လာပွဲကနေထွက်ပြေးလာတာဘယ်ရောက်လို့ရောက်လာမှန်းမသိ။ ပြေးလာရင်းမောဟိုက်လာတာမို့ခဏရပ်ကာ ပလပ်ဖောင်းပေါ်တွင်တစ်လှမ်းချင်းလျှောက်လာမိသည်။ မျက်ရည်တွေလည်းကျရင်းနဲ့ပေါ့။ ဒီဆုံးဖြတ်ချက်ကသူ့အတွက်ကော မောင့်အတွက်ကော မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါလိမ့်မည်။

ဘတ်စ်စကားမှတ်တိုင်တွင်မလှုပ်မယှက်ကာထိုင်နေမိသည်။ မှတ်တိုင်တွင်ကားစောင့်နေကြသောသူတွေကပါ တစ်ကိုယ်လုံးအဖြူရောင်ဝတ်စုံအပြည့်နှင့် ငိုနေသောသူ့ကိုကွက်ကြည့်ကွက်ကြည့်...

ထို့နောက်ဘောင်းဘီအိတ်ကပ်ထဲကတုန်ရီကာ ထွက်​ပေါ်လာသော ဖုန်းသံ။
အခုချိန်မှာဘယ်သူ့ဖုန်းမှသူမကိုင်ချင်..အထူးသဖြင့် မောင့် ဖုန်းကိုဆိုပိုမကိုင်ချင်ပါ။အခုလောက်ဆိုသိပ်ချစ်ရတဲ့မောင်က သူ့ကိုလိုက်ရှာနေရောပေါ့...မဂ်လာပွဲမှာသတို့သားထွက်ပြေးလာလို့ အရှက်များရနေမလား...အရာအားလုံးကသူကြောင့်ဖြစ်ရတာ။

အဆက်မပြတ်တုန်ရီနေသောဖုန်းကြောင့် ထုတ်ကြည့်တော့ ထယ်ဂျွန်းဆိုတဲ့နံပါတ်လေးဖြစ်နေလေသည်။

ပထမတော့မကိုင်...ဒုတိယတစ်ခေါက်မှာတော့သူကိုင်လိုက်ပါသည်။အခုချိန်မှာသူဘယ်မှသွားစရာနေရာမရှိ...ထယ်ဂျွန်းတစ်ယောက်တည်းကသာ သူ့ကို ကူညီနိုင်လိမ့်မည်။

"ဟဲလို ထယ်ဂျွန်း"

"ဟဲလို ​ဟီဆွန်းလား..မင်းဘယ်တွေရောက်နေတာလဲ ငါ့မှာမင်းမဂ်လာဆောင်အမှီ ပြန်လာနေတာ ရောက်ခါနီးတော့ ဆောင်းဟွန်းငါ့ကိုဖုန်းဆက်ပြီး မင်းရှိလားဘာလားနဲ့လာမေးတာ..ငါဖြင့်ကြောင်သွားတာဘဲ သတို့သားဖြစ်တဲ့မင်းကသူ့အနားမှာရှိနေရမှာလေ​ဆိုပြီးတွေးနေတာ..နောက်မှ မင်းထွက်ပြေးသွားတယ်ဆိုတာပြောတာ ဘယ်တွေသွားနေတာလဲ အခုကောဘယ်မှာလဲ မင်းဘာတွေလျှောက်လုပ်နေတာလဲ"

မေးခွန်းတွေတစ်ရပ်ဆက်မေးလာတဲ့​ ထယ်ဂျွန်းကြောင့် မျက်ရည်တွေကြားကပြုံးမိလိုက်သည်။
သူထွက်ပြေးလာတာမို့ဘယ်နေရာရောက်မှန်းမသိ..။

"ငါ..ငါဘယ်နေရာရောက်နေလဲငါသေချာမသိဘူး..မင်းကိုတည်နေရာပို့လိုက်မယ် ငါ့ကိုလာခေါ်ပေးပါ..ကျန်တာနောက်မှမေး..အာ...
မောင့်ကိုတော့ ဘာမှမပြောပါနဲ့ ငါတောင်းဆိုပါတယ်ထယ်ဂျွန်းရား"

' Devil ' [Completed]Место, где живут истории. Откройте их для себя