Ch-2

807 71 1
                                    

Unicode

အရာအားလုံးစတင်ခဲ့သည့်နေရာ
......

ဒီအခိုက်တန့်လေးတွင် ရင်းယွဲ့၏နှလုံးသားလေး လွတ်ကျသွားသလိုခံစားလိုက်ရသည်။ နောက်ဆုံးတိုက်ပွဲကနေ ပြန်လာပြီးတဲ့နောက်မှာ သူမနေရပ်မှာအတည်တကျလေးဖြစ်ပြီး နောက်ဆုံးအိမ်ရှေ့စံမင်းသားကိုတွေ့ဖို့ မျှော်လင့်ထားခဲ့မိသည်။ ဒီအမျိုးသားကသူမကို စာတွေကဗျာတွေရေးပြီး လျို့ဝှက်စွာပို့နေခဲ့တာ။

သူမအတွေးထဲမှာနစ်မြောရင်း ဧကရာဇ်ကိုစကားပြန်လည်ဖြေကြားရန်မေ့နေတော့သည်။ ထို့ကြောင့်ဧကရာဇ်က စိုးရိမ်စွာပဲ ရင်းယွဲ့ကိုထပ်ခေါ်လိုက်သည်။

"စစ်သူကြီးရင်းယွဲ့?"

ဧကရာဇ်က သူမနာမည်ကိုခေါ်သောအချိန်တွင်လည်း ရင်းယွဲ့က အတွေးထဲနစ်မြုပ်နေဆဲပင်။ ထိုအခါပေါ်လင်က သူမ လက်မောင်းကိုတံတောင်နဲ့တွတ်လိုက်မှသာ သူမပြန်အသိဝင်လာသည်။

"အား! ကျွန်တော်မျိူးမရဲ့အမှားပါ အရှင်မင်းကြီး"

"ရင်းယွဲ့ ဒါကရုတ်တရက်ဖြစ်သွားတယ်ဆိုတာ ငါကိုယ်တော်သိပါတယ်။ ဒါမဲ့ခုညတွင်းချင်း မင်းကိုသွားစေချင်တယ်။ ဒီအချိန်မှာ ရှုံးလို့မဖြစ်ဘူး။ ပြီးတော့တိုင်းသူပြည်သားတွေ ကာကွယ်မှုမရှိပဲ အိပ်စက်နေရတာမျိုးမရှိစေရဘူး။"

ရင်းယွဲ့က သူမဘာလို့ခုညတွင်းချင်း ထွက်ရမှာလဲလို့ တွေးနေမိသည်။ သူမ အိမ်ရှေ့စံမင်းသားကိုနောက်၂ရက်အကြာတွင် တော်ဝင်ပန်းခြံရှိရေကန်နားက ချယ်ရီပင်အောက်တွင် ဆုံရန်ကတိပေးထားသည်ကိုသူမမှတ်မိသည်။

ဒီည ချက်ချင်းထွက်ရမယ်ဆိုတော့ သူမကတိမတည်နိုင်တော့တာကိုပြောဖို့တောင် အချိန်မရှိတော့ပေ။ ရင်းယွဲ့က သူမရဲ့စစ်သူကြီးတာဝန်ကို ရှေ့တန်းတင်ရမည်မှန်းသိသည်။ ထို့ကြောင့် သူမစိတ်လေးလံစွာနဲ့ပဲဒူးထောက်ပြီး အမိန့်နာခံရန်ဟန်ပြင်လိုက်သည်။

"ကျွန်တော်မျိုးမရင်းယွဲ့ အမိန့်ကိုနာခံပါတယ်။ ခုညတွင်းချင်းပဲ စစ်သည်တော်တွေကိုဦးဆောင်ပြီး ထွက်ခွာပါ့မယ်။"

နဂါးဧကရီ၏ ​ပျော်​ရွှင်​ဖွယ်​ဇာတ်​သိမ်း ( Myanmar translation)Where stories live. Discover now