Ch-26

224 35 1
                                    

Unicode
...
အပိုင်း-၂၆
..
မိုးသောက်ချိန်ရောက်သွားပြီး အိပ်နေသောလူတိုင်းနိုးလာကြလေပြီ။ ရင်းယွဲ့လည်း နိးုလျှင်နိုးချင်း သူမလက်တွေခြေထောက်တွေကို ဆန့်ကာ အကြောဖြေလိုက်သေးသည်။ထို့နောက် မျက်လုံးများပွတ်ကာ တဲထဲရှိကောက်ရိုးအိပ်ရာပေါ်ကကုန်းရုန်းထပြီး အပြင်ဘက်ကိုထွက်ဖို့သူမကြိုးစားလိုက်သည်။

ထိုချိန်လူတိုင်းနိုးနေကြပြီဖြစ်ပြီး ဘေးနားရှိစမ်းချောင်းတွင် သန့်ရှင်းရေးလုပ်နေကြသည်။ ရင်းယွဲ့လာတာကိုသတိထားမိသောကျိရွေ့ကလည်း သူမလက်ထဲရှိအဝတ်စိုကို ကမ်းပေးကာ မျက်နှာသစ်ဖို့ဆိုသည်။

"ရော့, ရင်းယွဲ့။ ဟားဟား.. စိတ်မပူပါနဲ့ ဒါကသန့်ပါတယ်"

"ကျေးဇူးပါ ကျိရွေ့။ ဒါနဲ့ဘယ်ချိန်ထဲက နိုးနေကြတာလဲ?"

"နင်မနိုးခင် ဆယ်မိနစ်အလိုလောက်က။ နင်အမဲလိုက်ဖို့ထွက်အုံးမလို့လား?"

"အင်း.. ငါငါးဖမ်းမလို့။ မနေ့ကညက ဒီနားပတ်ကြည့်တော့ ချောင်းထဲငါးနည်းနည်းတွေ့ခဲ့တယ်။ နင် မီးမွှေးနိုင်လား? မနေ့ညက ငါလုပ်သလိုမျိူးလေ"

"ဒါပေါ့, ငါ့တာဝန်သာထားလိုက်"

ရင်းယွဲ့ မျက်နှာသစ်ပြီးတာနဲ့ လမ်းလျှောက်ထွက်သွားတော့သည်။ ဆယ်မိနစ်ခန့်သွားပြီးနောက် သူမငါးရှာလို့အဆင်ပြေမဲ့နေရာကိုတွေ့လိုက်ရသောအခါ  ဖိနပ်ချွတ်ပြီး ရေထဲဆင်းဖို့ပြင်လိုက်သည်။

ထိုစဉ် ရေထဲမဆင်းမီမှာပဲ နောက်ဘက်ကတချွတ်ချွတ်အသံကို သူမကြားလိုက်ရသည်။ စိတ်ထဲတွင် အခြားမိန်းကလေးတစ်ယောက်နောက်ကလိုက်လာတယ်လို့ထင်ပြီး သူမအများကြီးသိပ်မတွေးမိပေ။ သို့သော် သူမကြားလိုက်ရသည်က မနေ့ကဂူထဲမှာကြားခဲ့ရသောအသံပင်။

"ရင်းယွဲ့, မင်း ကိုယ့်ကို ရှာဖို့လိုတယ်...."

အသံကြားလိုက်သောအခါ ရင်းယွဲ့တောင့်ခဲသွားပြီး ဓားကိုပြန်ထုတ်ကာ ပတ်ဝန်းကျင်ကို လျှောက်ကြည့်ပြီး ရွယ်ထားလိုက်သည်။ သို့သော် သူမမြင်ကွင်းထဲ ဘယ်သူမှမရှိ။

"ချောက်.. ချောက်"

"ဘာသံလဲ?"

ဆူညံသံတွေကြားရာဘက်ကို ရင်းယွဲ့ဖြေးဖြေးချင်းလျှောက်သွားလိုက်ချိန်မှာတော့ သူမနဂါးမျိုးနွယ်၏ စစ်တပ်ကြီးကို တွေ့လိုက်ရတော့သည်။

နဂါးဧကရီ၏ ​ပျော်​ရွှင်​ဖွယ်​ဇာတ်​သိမ်း ( Myanmar translation)حيث تعيش القصص. اكتشف الآن