Ch-7

448 57 4
                                    

Unicode
အပိုင်း ၇ တိုက်ပွဲကြောင့်ဖြစ်တည်ရသောအမာရွတ်
......

နေဝင်ချိန်ရောက်လေပြီ။ သို့သော် ရင်းယွဲ့နှင့်စစ်သည်အပေါင်းတို့ စစ်ချီတက်ရာလမ်းကြောင်းမှာလဲ မြောက်ပိုင်းနယ်နိမိတ်နားရောက်ရန် မနီးသေးပေ။ ရင်းယွဲ့ကသူမစစ်သည်များကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်ပုံပေါ်နေသောကြောင့် သူတို့ကိုအနားပေးရန်ဆုံးဖြတ်လိုက်သည်။

သူမကိုယ်တိုင်လဲ ချွေးတွေရွှဲရွှဲစိုနေပြီဖြစ်သောကြောင့် မြင်းဇက်ကြိုးကို ခပ်တင်းတင်းဆွဲကာ နောက်ကိုလှည့်ပြီးညအချိန်ရောက်ခါနီးပြီဖြစ်ကြောင်း လှမ်းအော်ပြောလိုက်သည်။

"ညီအစ်ကိုတို့! ငါတို့ဒီညတော့ ဒီနေရာမှာပဲစခန်းချကြမယ်!  ရွက်ဖျင်တဲတွေကို ပြင်ပြီးအနားယူဖို့ပြင်ကြတော့! နောက်နှစ်နာရီကြာလာရင် ညစာရမယ်။ ခုရေချိုးဖို့ပြင်! ဒါပေမဲ့မင်းတို့အမြဲသတိကပ်ထားရမယ်!"

ရင်းယွဲ့၏တဲကို သူမ၏စစ်သည်ကပထမဆုံးပြင်ဆင်ပေးသည်။ ထို့နောက်သူမကိုယ်တိုင်ကလည်း သန့်ရှင်းရေးလုပ်ချင်တာကြောင့် ခပ်စောစောကတွေ့လိုက်ရသော စမ်းချောင်းလေးဆီသို့ရေချိုးသွားရန်ပြင်လိုက်သည်။

ထိုအခါတွင်သူမပုံမှန်မဟုတ်တဲ့ ဆူညံသံတွေကို ကြားလိုက်ရသည်။ သူမအသံတွေဘယ်ကလာပြီး ဘာသံတွေလဲဆိုတာကိုလည်း မခန့်မှန်းနိုင်ပေ။ ထို့ကြောင့် ပေါ်လင်ဆီသွားရန်သူမတဲအပြင်ကို အပြေးအလွှားပြေးထွက်လိုက်သည်။

ချွေးရွှဲရွှဲစိုကာသံချပ်ကာ၏ အောက်ကခံရသောအင်္ကျီကိုသာဝတ်ထားပြီး ရင်းယွဲ့ဟာအနားပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ထိုအခါ ချက်ပြုတ်ရေးအတွက်တာဝန်ယူနေပုံပေါ်သော ပေါ်လင်ကိုသူမတွေ့လိုက်သည်။

"ပေါ်လင်!"

" အာ ရင်းယွဲ့! ဘာဖြစ်လို့လဲ?"

ပြာလောင်ခတ်နေပုံရသောရင်းယွဲ့ကိုမြင်လိုက်တာနဲ့ ပေါ်လင်လည်း တခုခုတော့မှားနေပြီဆိုတာကို သိလိုက်သည်။ ရင်းယွဲ့ကအလျှင်လိုနေတာကြောင့် သူမဓားတခုထဲကိုသာယူလာမိပြီး သူမ၏သံချပ်ကာဝတ်စုံကိုတော့ တဲထဲတွင်မေ့လာခဲ့သည်။

နဂါးဧကရီ၏ ​ပျော်​ရွှင်​ဖွယ်​ဇာတ်​သိမ်း ( Myanmar translation)Wo Geschichten leben. Entdecke jetzt