Ch-18

456 48 3
                                    

Unicode

အပိုင်း-၁၈
.....
"ရင်းယွဲ့, နင်သိလား? ငါတို့ဟိုတလောက ကောလဟာလတစ်ခုကြားမိတာ။ အဲ့ကျားလိရဲ့အမေက ပြည့်တန်ဆာတစ်ယောက်ဆို?"

"အိုး! ဒါကကောလဟာလမဟုတ်ဘူး။ အာ့တာအမှန်ပဲ!"

"ဘာ? တကယ်ကြီး? ဟားဟား, သူမကလေ ရှေ့မှာတော့ ငါတို့ထက်အများကြီးသာသလိုဟန်ဆောင်ပြနေတာ။ တကယ်တော့ သူမအမေက ဘာဂုဏ်ပုဒ်မှမရှိတဲ့ အရပ်သူပြည့်တန်ဆာတစ်ယောက်ပဲ"

ရင်းယွဲ့ ဒီလိုခံစားချက်မျိုးတစ်ခါမှမခံစားခဲ့ရဖူးချေ။ သူမအတွက်တော့ ကျိရွေ့က သူမယုံကြည်ရလောက်သောနီးနီးကပ်ကပ်လူတစ်ဦးဟု ခံစားရသည်။ ဒါကြောင့် ခုရက်အနည်းငယ်မှာ သူမ ကျိရွေ့ကို ကိုယ်ခံပညာအနည်းငယ်သင်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

"ကျိရွေ့, နင် ကိုယ်ခံပညာသင်ဖို့စိတ်ဝင်စားလား? တကယ်လို့ နင်စိတ်ဝင်စားတယ်ဆိုရင် နောက်အပတ်မရောက်ခင် ငါနည်းနည်းသင်ပေးမယ်"

"အိုး! နင်တကယ်သင်ပေးမှာလား? ငါက ကိုယ်ခံပညာနဲ့ ဓားကိုင်ရတာမျိုးကို အရမ်းကြိုက်တာ။ ဒါပေမဲ့ ငါ့အဖေက ခွင့်မပြုဘူးလေ"

"ငါတော့ သူ့အပြစ်လို့မထင်ပါဘူး။ ဒါက မိန်းကလေးတွေနဲ့ မအပ်စပ်ဘူးလေ။ အချိန်ကျလာရင် နင် ကိုယ့်ကိုယ် နည်းနည်းတော့ ကာကွယ်တတ်နေတာမျိုးလေး ငါဖြစ်စေချင်တယ်။ တခြားကမ္ဘာတစ်ခုကိုသာ ငါတို့ရောက်သွားရင် ဘာတွေကြုံရမလဲ မသိနိုင်ဘူးလေ"

"တခြားကမ္ဘာ? နင်ဘယ်လိုသိတာလဲ ရင်းယွဲ့? ငါတို့က သေရမဲ့လူတွေမဟုတ်ဘူးလား? ငါတို့ကို ပေထောင်သောင်းမကမြင့်ပြီး အောက်ခြေကိုတောင်မမြင်ရတဲ့ တောင်ချိုင့်ထဲကို ပစ်ချမှာလေ"

"ဒါက ငါထင်ကြေးပေးတာပါ။ အတိတ်မှာတုန်းကတော့ မိန်းကလေးတစ်ယောက်ကလွဲရင် ကျန်တဲ့လူတွေအကုန် ပြန်လာနိုင်ကြတယ်။ "

"အင်း... ငါကတော့ ငါတို့အကုန်ပြန်လာနိုင်ပါစေလို့ မျှော်လင့်တယ်"

ရင်းယွဲ့က တစ်ပတ်လုံးလုံး ကျိရွေ့ကို သင်ကြားပေးရင်းနဲ့ပဲ ကုန်ဆုံးခဲ့သည်။ ထို့အတူ စတေးခံမိန်းကလေးတွေအားလုံးကိုလည်း မိသားစုဝင်များနှင့် တွေ့ခွင့်မပေးပေ။ ကျိရွေ့က ထက်မြက်သူတစ်ဦးဖြစ်ကာ ရင်းယွဲ့သင်ပေးသမျှကိုလည်း သေချာလိုက်မှတ်နိုင်သည်။

နဂါးဧကရီ၏ ​ပျော်​ရွှင်​ဖွယ်​ဇာတ်​သိမ်း ( Myanmar translation)Where stories live. Discover now