Ch-28

248 35 0
                                    

Unicode
..
နဂါးဧကရီ၏ပျော်ရွှင်ဖွယ်ဇာတ်သိမ်း
အပိုင်း(၂၈) ရွေးချယ်ခံရသောတစ်ယောက်
..

မကြာလောက်သောအချိန်လေးမှာပဲ နှစ်ရက်တာက မြန်မြန် ကုန်ဆုံးသွားသည်။ အခုတော့ သူမတို့အားလုံး မြို့တော်နဲ့နီးသထက်နီးလာကြပြီ။ အချိန်တန်ရင် သူမတို့က သူတို့အတွက် ကစားစရာဖြစ်ရင်ဖြစ် မဟုတ်ရင် အသတ်ခံရမည်ကိုတော့ ရင်းယွဲ့နားလည်ထားသည်။ ထို့အတူ အနားမှာထိုင်နေတဲ့ကျိရွေ့ကလည်း ရင်းယွဲ့ဘာတွေများဒုက္ခခံရအုံးမလဲဟု တွေးပူစိတ်ကထိန်းမရပေ။

"ရင်းယွဲ့, ငါတို့ဘာဆက်ဖြစ်တော့မှာလဲဟင်?"

"ငါမသိဘူး ကျိရွေ့။ ငါလွန်ခဲ့တဲ့နှစ်ငါးထောင်ကဖြစ်ခဲ့တဲ့ ဇာတ်လမ်းကြီးတစ်ခုလုံးကိုလည်း သိမထားဘူး"

ထိုချိန်ယွီဝေ့က စကားဖြတ်ပြောလိုက်သည်။

"ဟက်, ငါတို့ကိုအဲ့အကြောင်းစောစောပြောခဲ့လေ။ အခုမှပြောမှတော့ အားလုံးသေရတော့မယ်ဆိုတာလောင်းရဲတယ်"

"အင်း... ယွီဝေ့ ဘယ်ဟာက နင့်ကိုသတ်လိမ့်မယ်လို့ ထင်နေတာလဲ?"

မြို့တော်ကိုလှမ်းမြင်ရသည့် နေရာရောက်ချိန်မှာ မိန်းကလေးတွေကငိုချင်စိတ်ကို ထိန်းမရကြတော့ပေ။ မြို့ဝင်ဂိတ်ကို စတင်ဖြတ်သန်းချိန်မှာတော့ ရထားလုံးအပြင်ဘက်မှ တီးတိုးသံများကို ရင်းယွဲ့လှမ်းကြားလိုက်ရသည်။ ဒါကြောင့် သူမအက်ကြောင်းကနေတဆင့်အပြင်ကိုလှမ်းကြည့်လိုက်သောအခါ မယုံနိုင်လောက်အောင်ကိုအံ့သြသွားတော့သည်။

လူတိုင်းက တကယ်ကိုပဲ ရွှေရောင်ဆံနွယ်များနှင့် ကျောက်စိမ်းရောင်မျက်ဝန်းများပိုင်ဆိုင်ကာ အလွန်ကိုလှပကြသည်။ လူအုပ်စုထဲက တစ်ဦးတစ်ယောက်ကမှ သူ့ထက်ငါသာအောင်အဝတ်အစားအဆင်အယင် ပြိုင်ဆိုင်သုံးစွဲခြင်းမျိုးမတွေ့ရ။ ယခုနေရာသည်ကား သာတူညီမျှမှုကိုအခြေခံကာ ငတ်မွတ်ခေါင်းပါးမှမရှိ၊ အခိုင်းအစေကျွန်ရောင်းဝယ်သည့် ဓလေ့မရှိသည့်အပြင် သယံဇာတပေါများလွန်းလှသည့် နဂါးမျိုးနွယ်ပြည်ထောင်စုကြီးပင်။

နောက်ဆုံးနန်းတော်ရင်ပြင်သို့ရောက်သောအခါ ရထားလုံးထဲပါလာသောလူမှန်သမျှ ဆင်းလာရပြီး နဂါးမျိုးနွယ်ပြည်သူပြည်သားများရှေ့ရှိ သစ်သားစင်ပေါ်တွင် မတ်တပ်ရပ်ခိုင်းလိုက်သည်။ ဒါကရင်းယွဲ့ကိုလည်း ကြောက်လန့်မှုကြောင့် ကျောချမ်းစေသည်။သူမရှေ့က လူကြီးလူငယ်မရွေးနဂါးမျိုးနွယ်တို့ပြောနေသော အသံကိုလည်း ရင်းယွဲ့ကြားနေရသည်။

နဂါးဧကရီ၏ ​ပျော်​ရွှင်​ဖွယ်​ဇာတ်​သိမ်း ( Myanmar translation)Where stories live. Discover now