Ch-27

225 33 0
                                    

Unicode
...
နဂါးဧကရီ၏ပျော်ရွှင်ဖွယ်ဇာတ်သိမ်း
အပိုင်း(၂၇)ဖမ်းဆီးခံရခြင်း
...
ညကတဖြေးဖြေးမှောင်ရီပျိုးလာတာမို့ လူတိုင်းအပေါ် စိတ်တိုင်းကျဖြစ်အောင်ကြိုးစားရန် ရင်းယွဲ့လက်လျှော့ကာ မိုးမခပင်ကြီးကို အကာအကွယ်ယူရင်း တမှေးအိပ်ဖို့ကြိုးစားရတော့သည်။ ဝမ်ရှုကိုလည်း တနေကုန်သယ်ပြီးပြေးခဲ့ရတာမို့ သူမအရမ်းပင်ပန်းနေပြီပင်။

ရင်းယွဲ့အပင်အောက်မှာ အိပ်ပျော်နေတာကို မြင်တဲ့ကျိရွေ့ကလည်း  စိတ်ပင်ပန်းမိတာကြောင့် သူမလည်း ရင်းယွဲ့အနားကပ်ပြီး နောက်နားလေးတွင်တိုးအိပ်လိုက်သည်။

ထိုအချိန် သုံးယောက်အဖွဲ့ကတော့ တခုခုကြံဖို့ကြိုးစားနေလေရဲ့။ ရေကန်အနီးရှိ အပင်အောက်နားသည် အမိုးအကာမရှိတာကြောင့် သူမတို့အတွက် အေးစိမ့်စိမ့်ကြီးခံစားနေရကာ အိပ်မရပေ။ ဒါကြောင့် ယွီဝေ့နှင့် အဖော်တွေက မီးဖိုဖို့ကြံကြတော့သည်။ ထိုအထဲမှ ဝမ်ရှုက နဂါးစစ်တပ် မြင်ပြီး သတိထားမိသွားမှာစိုးတာကြောင့် စကားစပြောလာသည်။

"ယွီဝေ့, နင်တို့ဒီလိုမလုပ်သင့်ဘူးထင်တယ်နော်။ ရင်းယွဲ့ပြောသွားတာ မကြားဘူးလား? နဂါးစစ်တပ်ကို သတိထားမိစေမဲ့ ဘယ်အရာကိုမှမလုပ်နဲ့တဲ့"

"တိတ်တိတ်နေ ဝမ်ရှု! နင်က ခုချိန်မှာ အသုံးမဝင်ဆုံးလူပဲ။ ဟိုတနေ့တွေတုန်းက ရင်းယွဲ့မီးဘယ်လိုဖိုလဲ ငါမြင်ထားတယ်။ အခု ငါတို့အရမ်းအေးနေပြီ။ မီးမှမဖိုရင် အကုန်လုံးအေးခဲပြီး သေသွားလိမ့်မယ်"

ဝမ်ရှုက ရင်းယွဲ့လည်းအနားမှာရှိမနေတာကြောင့် သူမဘာမှပြောမရပေ။ ထို့အတူ သူမကလည်း နဂိုထဲက အနေအေးလွန်းသူဖြစ်သည်။သို့သော် တခြားသခင်မလေးများနှင့်ယှဉ်ရင် သူမက ပေါ်လွင်ထင်ရှားနေလေ့ရှိသည်။ သူမက နက်မှောင်သော ဆံနွယ်များ၊ အညိုဖျော့ဖျော့မျက်ဝန်း၊ အသားဖြူဖြူနှင့် နှုတ်ခမ်းသားလှလှလေးပိုင်ဆိုင်ထားသည်။ နောက်ပြီး အားသာချက်က သူမ၏ နူးညံ့ပြီး နှစ်လိုဖွယ်ကောင်းသည့် အသံပင်။

ထို့နောက် ယွီဝေ့နှင့် အဖော်များက အနားမှာရှိတဲ့ သစ်ကိုင်းများ နှင့် မြက်ခြောက်များကိုစုကာ မီးမွှေးဖို့ပြင်တော့သည်။ ဝမ်ရှုကတော့ ခပ်လှမ်းလှမ်းလေးကနေပဲ ကြည့်နေရှာသည်။ သူမကြည့်နေရင်းမှာပဲ မီးတောက်က တဖြေးဖြေးပိုပိုကြီးလာလေသည်။

နဂါးဧကရီ၏ ​ပျော်​ရွှင်​ဖွယ်​ဇာတ်​သိမ်း ( Myanmar translation)Opowieści tętniące życiem. Odkryj je teraz