Unicode
🚨🚨Warning 🚨🚨
Jungkook နှင့် Jimin ၏ မင်္ဂလာသက်တမ်းသည် 6နှစ်ပင် ပြည့်တော့ပေမည်။ ဒီ6နှစ်အတွင်း အပူအပင်မရှိ ပျော်ပျော်ရှင်ရွှင်ပင် ဖြတ်သန်းခဲ့ကြသည်။ ရန်ဖြစ်တာ ဘာညာလောက်တော့ ရှိတာပေါ့လေ။ ဒါပေမယ့်လည်း Jungkook က အလျှော့ပေးသဖြ၉ ကြီးကြီးမားမား ပြဿနာမတက်ကြပေ။ အလိုလိုက်သည့် ကလေးဆိုးသလို Jimin က တစ်ခါတလေ ဂျီကျကာ ဆိုးသည်။ဒီနှစ်တွေထဲ Jimin က ပိုရစ်သည်။ ပိုဆိုးသည်။ Jungkook က ရာထူးတိုးကာ လက်ထောက်ဆေးရုံအုပ်အဖြစ် တာဝန်ထမ်းဆောင်နေပြီး Jimin ကတော့ ဆရာဝန်ဖြစ်သည်မှာလည်း 2နှစ်လောက်ပင်ရှိပြီဖြစ်သည်။ Jimin က အရေးပေါ်ဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသည်။ 26နှစ်အရွယ် Jimin က 20အရွယ် Jimin ထက်ပင် ပိုကာ ဆိုးနိုင် ရစ်နိုင်လွန်းသည်။
နောက်ပြီး Jimin က ပေါ်တင်သဝန်တိုတတ်လာသည်။ လမ်းသွားလို့ Jungkook ကို လိုက်ကြည့်တာကိုပင် မကြိုက်။ သူ ဆေးရုံမှာ အလုပ်သင်အနေနှင့် စလုပ်စဉ်က Jungkookကို ကြိုက်နေသော သူနာပြုတစ်ယောက်နှင့် ရန်တောင် ဖြစ်လိုက်သေးသည်။ Jungkook ပင် သဝန်တိုဖို့ အချိန်မရအောင် သူပဲ သဝန်တို သူပဲ ပြဿနာရှာပြီး တစ်ခါတစ်ခါ အိမ်က ဆင်းသွားကာ Jeon အိမ်တော်ကို ပြန်သွားသဖြင့် Jungkook မှာ အမြဲ လိုက်ခေါ်ရသည်။ ပြီးတော့လည်း Jungkookကိုပဲ Jeonအိမ်က လူတွေက ဝိုင်းပြောကြသည်။Jimin အိပ်ယာမှ နိုးလာတော့ အိပ်ခန်းထဲတွင် Jungkook မရှိတော့ပေ။ နာရီကို ကြည့်မိတော့ 7နာရီထိုးတော့မည်။ သူ ရေချိုးခန်းထဲသို့ ဝင်ပြီးနောက် Jungkook ရှိနေမည့် မီးဖိုချောင်သို့ ထွက်လာသည်။ မီးဖိုခန်းထဲတွင် Jungkook သည် သူ့ကို ကျောပေးကာ မနက်စာ ပြင်နေသည်။
35နှစ်ပြည့်တော့မယ့် ယောက်ျားတစ်ယောက်ရဲ့ ကျောပြင်က ဒီလောက်တောင် ရင်ခုန်စရာကောင်းသလား...
ကိုယ့်ယောက်ျားကို ကိုယ်ပြန်ကြွေနေရတာလည်း မလွယ်ပါလား...Jimin က Jungkook အနားသို့သွားကာ Jungkook ခါးကို အနောက်ကနေ ဖက်လိုက်ကာ ကျောပြင်ကျယ်တွင် မျက်နှာအပ်ထားလိုက်သည်။
ကိုကိုက ရေတောင် ချိုးပြီးပြီပဲ
"Baby နိုးပြီလား"