Part- 9

7.7K 708 24
                                    

Unicode

ညစာစားကြချိန်တွင်  Jeon Jungkookမပါပေ။  သူက နောက်ကျမယ်လို့တော့ ပြောသံကြားတာပဲ ။

" Mochiလေး "

" ဗျာ ၊ ဦးဖေ "

" စာတွေလိုက်နိုင်လား ၊ မရတာတွေရှိရင် ဦးဖေကို လာမေးနော် ၊ ကိုကိုjungkookကိုလည်းမေးလို့ရတယ်"

" ဟုတ်ကဲ့ ဦးဖေ သားမရတာတွေရှိရင်မေးပါ့မယ် "

" အေးအေး မုန့်ဖိုးရောရှိသေးလား "

" ရှိသေးတယ် ဦးဖေ "

" ရှင်ကလည်း ထမင်းသာစားစမ်းပါ ပြီးမှမေးလည်းရတာတွေကို ထမင်းစားပျက်အောင် "

" မင်းကလည်း ကိုယ်လည်း သတိရတုန်း မေးရတာပေါ့ "

" ဟိုကလေး များများစားလေ ထမင်းကိုအရာမယွင်းသေးဘူး ၊ စားလို့မကောင်းရင်လည်း စားချင်တာလုပ်ခိုင်းလိုက် "

ဒေါ်လေးက ဦးဖေကို ပြောဆိုပြီးနောက် ကျွန်တော်ဘက်လှည့်လာလေသည်။

" စားကောင်းပါတယ် ဒေါ်လေး "

" ဒါဆို များများစား ၊ လူကြည့်တော့ သေးသေးလေး ၊ ထမင်းလေးဘာလေးများများစားမယ်မရှိဘူး၊ ကြည့်လိုက်ရင် ကြောင်စာလောက်လေးစား ၊ ပြီးရင်မတည့်တာတွေစားပြီး နေမကောင်းဖြစ်ဦးမှာ "

" မိန်းမရယ် ကလေးစားနိုင်သလောက်စားပါစေ "

" ရှင် လျှာမရှည်နဲ့ "

ဒေါ်လေးက မာန်မဲလိုက်သောကြောင့် ဦးဖေမှာ ပါးစပ်ပိတ်လိုက်ပြီး ထမင်းသာကုန်းစားတော့သည်။ ဘိုးဘိုးနှင့်ဘွားဘွားကလည်း ထမင်းသာစားနေပြီး ဘာမှဝင်မပြောပေ။ မမကလည်း ကျွန်တော့် ပန်းကန်ထဲသို့ ဟင်းတွေထည့်ပေးလာပြီး များများစားခိုင်းနေသည်။ ကိုကြီးနှင့်မရီးကတော့မရှိပေ။

"များများစားမှ ကြီးထွားမှာပေါ့ ၊  Jiminနောက်ခါ များများစားတာပဲ မြင်ချင်တယ်နော် "

" ဟုတ်ကဲ့ ဒေါ်လေး "

" ဟဲ့ Sona အဲ့တာတွေက စပ်တယ်လေ ဘာလို့ထည့်ပေးနေတာလဲ "

ထမင်းစားပွဲကတော့ ဒေါ်လေး၏ပူညံပူညံအသံများဖြင့်စိုပြေနေပါတော့သည်။

𝐌𝐘 𝐋𝐈𝐓𝐓𝐋𝐄 𝐃𝐎𝐂𝐓𝐎𝐑(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now