Unicode
[A/N]
အောက်ပါ အကြောင်းအရာများကို အဆင်ပြေမှ ဖတ်ပါနော် Mature contentလည်း on ထားတာဆိုတော့ သိပ်လည်း မပြောတော့ပါဘူးနော် အဆင်ပြေသလိုသာ ဖတ်ကြပါ" အာ... မငိုနဲ့လေ "
Jiminမျက်လုံးအိမ်မှ မျက်ရည်လေးများ စီးကျလာသည်ကို မြင်လျှင် Jungkookက Jiminကို ဆွဲပွေ့ကာ ပေါင်ပေါ်တင်လိုက်သည်။ Jiminက Jungkookရင်ဘတ်ထဲသို့ တိုးဝင်ကာ သူ့မျက်နှာကို ဖုံးကွယ်ထားသည်။" Baby ... Jimin ကိုကို့ကို ကြည့်ပါဦး "
Jungkookက Jiminမျက်နှာလေးကို အသာဆွဲယူလိုက်သည်။ ထို့နောက် မျက်နှာရဲရဲနုနုလေးပေါ်မှ မျက်ရည်လေးများကို ညင်သာစွာ ဖယ်ရှားပေးလိုက်သည်။
" မငိုနဲ့လေကွာ... "
" ငိုအောင် ဘယ်သူလုပ်တာလဲ "
" ကိုကိုဘာမှမလုပ်ရသေးဘူးလေ "
" မသိဘူး ... သွား ... ဖယ်တော့ "
Jiminက Jungkookပေါင်ပေါ်မှ ဆင်းဖို့လုပ်သော်လည်း Jungkook၏ လက်တွေက သူ့ခါးကို တင်းကြပ်စွာ ရစ်သိုင်းလာသောကြောင့် ရုန်းမရဖြစ်နေသည်။
" ကိုကိုjungkook ... လွှတ် "
" ကိုကိုလို့ခေါ် "
" ဟွန်... "
" ကိုကိုလို့ခေါ်ရင် လွှတ်ပေးမယ် "
Jungkook က Jiminမျက်နှာလေးကို စိုက်ကြည့်ကာ ဆိုလျှင် နီရဲရဲ Jiminမျက်နှာက ပို၍ ရဲစွေးလာကာ နာရွက်ဖျားတွေအထိပင် ရဲလာတော့သည်။ Jungkookက မျက်စိရှေ့က နားရွက်နီနီလေးကို နှုတ်ခမ်းနှင့် ဖိဆွဲလိုက်လျှင် Jiminခန္ဓာကိုယ်လေးက တွန့်သွားသည်။ သူ့ခါးပေါ်က Jungkookလက်ကို ဆုပ်ကိုင်ထားသော လက်သည်လည်း တင်းခနဲဖြစ်သွားသည်။ သူက Jungkookမျက်နှာကို မရဲတရဲလေးကြည့်မိလျှင် Jungkookက မျက်ခုံးတစ်ဖက် ပင့်ပြသည်။ Jungkookက နားရွက်ကို ဆွဲကိုက်လာပြန်သည်။
" ခေါ်မှာလား "
" ကိုကို... "
Jiminအသံလေးက တိုးညှင်းလွန်းလို့ သေချာနားစိုက်ထောင်မှကြားနိုင်လေသည်။ သို့သော် Jungkookကတော့ ကြားလိုက်ပါသည်။ ဒါပေမယ့်လည်း မကြားချင်ယောင်ဆောင်လိုက်လေ၏။