💜Unicode 💜
နွေလတစ်လဖြစ်သောဇွန်လညချမ်းလေး၏သစ်ပင်အောက်ခုံတန်းလေးပေါ်မှာထိုင်နေသော13နှစ်အရွယ်ကောင်လေးတစ်ယောက်၏ကျောပြင်လေးဟာအရွယ်နဲ့မလိုက်အောင်ကြီးမားလွန်းလှသည်။အမေဖြစ်သူKim Seokjinဟာမြင်နေရသောကျောပြင်လေးရှိရာသို့ ဦးတည်လျှောက်သွားပြီးထိုကျောပြင်ပိုင်ရှင်ကောင်လေး၏ဘေးနားလေးတွင်ဝင်ထိုင်လိုက်သည်။
ကောင်လေး၏ချစ်စရာကောင်းပြီးချောမောလှသောမျက်နှာပေါ်မှာမကျေနပ်မှုတွေ၊ဒေါသအရိပ်တွေထင်ဟပ်နေသည်။ဘယ်လောက်တောင်စိတ်ဆိုးနေလဲမသိဘူးမအေကိုတောင်မျက်လုံးတစ်ချက်တောင်စွေမကြည့်ဘူး။"သား Jungkook ဖေဖေကသားအတွက်ပြောတာပါ၊သားကိုအပြင်မှာတစ်ယောက်တည်းသွားမနေစေချင်လို့ပါ၊သားကအခုမှကလေးဘဲရှိသေးတာလေ"
"သားအသက်အခု13နှစ်ရှိပြီ မေမေ ၊ကလေးမဟုတ်တော့ဘူး"
" သြော်သားကလည်း13နှစ်ဆိုတဲ့အရွယ်ကကလေးပေါ့၊သားအသက်20ရောက်လည်းမေမေတို့ကကလေးလို့မြင်နေဦးမှာဘဲ"
Jungkookနှုတ်ခမ်းတစ်ချက်ထော်လိုက်တာကိိုKim Seokjinကမြင်လိုက်သည်။သူ့ကိုကလေးလို့ပြောတာကို Jungkookကဘယ်လိုမှကိုမကြိုက်တာပါ။
"ပြီးတော့သားအရွယ်ကမိဘရဲ့အရိပ်အောက်မှာဘဲနေသင့်တယ်လေ။အမေတို့နဲ့ဝေးရာမှာသားတစ်ယောက်ထဲထားဖို့သားဖေဖေကဘယ်လိုစိတ်ချမှာလဲ။သားကိုကိုနဲ့မမတောင်အခုထိမေမေတို့နဲ့အတူတူနေတုန်းကိုသားကဘာလို့တစ်ယောက်တည်းနေချင်ရတာလဲ"
"တစ်ယောက်တည်းမဟုတ်ပါဘူးဆိုမေေမရာ၊ သားသူငယ်ချင်းတွေနဲ့နေမှာလို့"
"အေးလေ အဲ့တာကိုဘဲသားဖေဖေကပြောနေတာဘဲ သားလိုအရွယ်လေးတွေစုနေတာကိုသားဖေဖေဘယ်လိုစိတ်ချမှာလဲပြော ဖေဖေကိုနားလည်ပါသားရယ် သားတို့ဖေဖေကသားတို့ကိုအရမ်းချစ်တာပါ မေမေတို့နဲ့နေရတာဘာလိုအပ်လို့လဲသားရယ်"
Kim Seokjinကမျက်ရည်ဝဲပြီးဝမ်းနည်းတဲ့အသံလေးနဲ့ပြောလိုက်သည်။ Jeon Jungkookတို့က ဘယ်လောက်ဆိုးဆိုး အမေစိတ်ဆင်းရဲမှာကိုတော့ မကြည့်ရက်သော သားတစ်ယောက်ပဲလေ။ မအေက နည်းနည်းလေးစိတ််မကောင်းဟန်ပြလိုက်သည်နှင့် Jeon Jungkookမျက်နှာပေါ်က ဒေါသရိပ်တွေပျောက်ကွယ်သွားကာ လေသံလည်း ပျော့ပျောင်းလာသည်။ Kim Seokjinတို့က ဒီယုန်မြင်လို့ ဒီခြုံထွင်လိုက်တာပင်။