Unicode
အပေါ်ပိုင်းဗလာကျင်းနေသော Jungkook၏ ခန္ဓာကိုယ်တွင် နီရဲနေသော အမှတ်ပေါင်းများစွာ ရှိနေလေသည်။ ရင်ဘတ် ဗိုက် နေရာအနှံ့တွင် ။ တစ်ချို့နေရာတွေတွင် ညိုပုတ်ပုတ်အရောင်တောင် သန်းနေလေသည်။ ရင်ဘတ်က ခပ်ညိုညို အရာနှစ်ခုတွင်လည်း ကိုက်ရာ အကွင်းလိုက် ရှိနေလေသည်။
Jiminသည် ပြူးကျယ်ဝိုင်းစက်နေသော မျက်လုံးတစ်စုံဖြင့် ထိုအရာတွေကြည့်နေလေသည်။ Jungkookကိုမော့ကြည့်လိုက်လျှင် ဘယ်လိုလဲဆိုသော အထာဖြင့် သူ့ကို ကြည့်နေသည်။
Jiminကသူ့ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ကာ မယုံကြည်နိုင်ဟန် ဖြစ်နေသည်။
မနေ့ညက
" အိမ်ကျန်ဘူး အိမ်ကျန်ဘူး ... "
Jiminကရုန်းထိုးတွန်းကန်ကာ Jungkookလက်ပေါ်က ဆင်းရန်လုပ်သည်။
" ဟဟ Park Jimin ငြိမ်ငြိမ်နေစမ်း "
Jiminကကော့ချလိုက်သဖြင့် ပြုတ်ကျမလိုဖြစ်သွားသောကြောင့် Jungkookသည် အမြန်ထိန်းလိုက်ရသည်။ တစ်စက်ကလေးတောင် အငြိမ်မနေသော Jiminကိုထိန်းပွေ့လာပြီး ခုတက်ပေါ် ချပေးနိုင်မှ Jungkook သက်ပြင်းချရတော့သည်။ ခုတင်ပေါ်ရောက်သွားတော့ Jiminကငြိမ်ကျသွားလေသည်။
" ဟူး... ပင်ပန်းလိုက်တာ "
Jungkookက နဖူးတွင် အနည်းငယ် စို့နေသော ချွေးပင်သုတ်လို့မပြီးသေး Jiminကတစ်စခန်းထလာပြန်သည်။
Jiminကလူးလဲထလာကာ အိပ်ရာပေါ်မှ ဆင်းသည်။
Jimin ခန္ဓာကိုယ်က ယိုင်ကျသွားသောကြောင့် Jungkook အမြန်ထိန်းပေးလိုက်သည်။" ဘယ်သွား မလို့လဲ "
Jiminက ဘာအဖြေစကားမှ ပေးမလာပဲ Jungkookလက်ထဲမှ အမြန်ရုန်းကာ ယိုင်တိယိုင်တိုင်နှင့် ရေချိုးခန်းဘက်ပြေးထွက်သွားသည်။
Jungkookမှာ လဲကျမည် စိုးရိမ်သောကြောင့် သူ့နောက် အမြန်လိုက်ရလေသည်။
Jiminရေချိုးခန်းထဲ ဝင်သွားမှ အပေါက်ဝတွင် ရပ်ကာ ကျန်နေခဲ့သည်။
တစ်အောင့်လောက်ကြာသော် Jiminသည် ထွက်လာပြီး Jungkookလည်း မြင်ရော ဟီးခနဲ ရယ်ပြကာ ဘောင်းဘီတွေ စိုကုန်ပြီဟု ဆိုပြီးနောက် Jungkookခန္ဓာကိုယ်ပေါ် ဗြုန်းခနဲ မှီချပစ်လိုက်ရသည်။
Jungkookက Jiminခါးလေးကို ထိန်းကိုင်ကာ နှစ်ယောက်သား ပစ်လဲမသွားအောင် တောင့်ထားသည်။
သို့သော် ခေါင်းငုံ့လိုက်မိရာ မြင်လိုက်ရသော Jimin၏ တင်သားဖွေးဖွေးလေးကြောင့် ခြေထောက်ပင် ယိုင်ကျလုမတတ် ဖြစ်သွားရသည်။
Jimin က Jungkookပေါ်သို့ ကုန်းမှီထားသလို ဖြစ်နေကာ တင်ကကောက်နေပြီးအနောက်သို့ထွက်နေသည်။ ပိုဆိုးသည်မှာက Jiminကအောက်ပိုင်းတွင် ဘာမှ ဝတ်မထားပေ။ ဝတ်ထားသော T shirt အနက်ရောင်လေးမှာလည်း အောက်ပိုင်းကို လုံအောင် မဖုံးပေ။
Jungkookက မျက်စိရှေ့မှ ဖြူဖြူဖွေးဖွေးလုံးလုံးလေးလေးကို ကြည့်နေမိစဉ် Jiminက သူ့ကို ကုပ်တွယ်ဖက်လာကာ ပုခုံးပေါ်မေးတင်လာသည်။ ခြေထောက်နှစ်ဖက်ကလည်း ခါးမှာ ချိတ်တွယ်လာသည်။ Jungkookကသူ့လက်တွေကို ဘယ်နားတွင် ထားလို့ထားရမှန်းမသိအောင် ဗျာများနေလေသည်။
ထိုအခိုက် Jimin က Jungkook လည်တိုင်ဘက်သို့ ခေါင်းစောင်းလာကာ နှခေါင်းလေးဖြင့် တိုးနမ်းလာသဖြင့် Jungkookသည် အယောင်ယောင်အမှားမှားဖြင့် Jiminတင်လုံးလေးကို ကိုင်မိသွားလေသည်။