Unicode
"Jimin , ထမင်းသာကုန်းစားနေလိုက် သိလား"
Jimin က ကန်တင်းတွင် ထမင်းသာ စားနေသောကြာင့် Taehyungက အားမလို အားမရ အပြစ်တင်သည်။"ထမင်းမစားလို့ ငါကဘာလုပ်နေရမှာလဲ"
"ကိုယ့် crush ကြီးက အနားမှာရောက်နေတာကို စကားလေးဘာလေးပြောပေါ့ဟ"
"ငါ ရင်တွေတုန်နေပြီး ဘာပြောရမှန်းလည်း မသိဘူးဟာ၊ ဘာစကားမှလည်း ထွက်မလာဘူး ၊ နှလုံးအခုန်မြန်ပြီး သေတော့မလားလို့တောင်ထင်ရတယ်ဟ"
"အာ့ဆိုလည်းသေလိုက်တော့"
"ဘာ Kim Taehyung"
"မင်းဟာက ဒီတစ်သက် နီးစပ်ဖို့လမ်းမမြင်ဘူး၊ အခုလိုမထုံတက်ထေးနဲ့ သူများနောက်ပါသွားမှာ မြင်ယောင်သေး၊ နောက်မှ Taehyung ရေဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး လာငိုပြလို့ကတော့ ဆောင့်ကန်လွှတ်မှာ ၊ လူတစ်ယောက်လုံးအနားမှာ ရောက်နေတာကို တစ်သက်လုံးစားရမယ့် ထမင်းကို အခုမှစားဖူးတဲ့အတိုင်း ကုန်းစားနေလိုက်တာ မပြောချင်ဘူး၊ တော်ပြီ မောတယ်၊ သွားတော့မယ်"
Kim Taehyungတစ်ယောက်မပြောချင်လို့သာတော်ရော့မယ် ၊ ပြောသွားလိုက်တာများ တစ်လဆက်ဘဲ။
"Taehyung, စောင့်ဦးဟ"
Jimin ညစာစားဖို့ အောက်ထပ်ကိုဆင်းလာတော့ တမင်းစားခန်းထဲက ဘွားဘွား၏ စကားသံကြောင့် ခဏရပ်ပြီးနားထောင်နေလိုက်သည်။
"ဒေါ်ရင်၊ မနက်ဖြန် မြေးလေး Jungkook ပြန်လာတော့မှာဆိုတော့ မြေးလေးကြိုက်တဲ့ဟင်းတွေချက်ထားနော်"
ဘွားဘွားပြောလိုက်သောစကားကြောင့် Jimin နှလုံးသွေးတွေ ပြောင်းပြန်စီးသွားသလို ခံစားလိုက်ရသည်။
Jeon Jungkook ပြန်လာတော့မယ် ၊ တကယ်ကြီးလား ၊ Park Jimin တို့ နွေလယ်ခေါင် မိုးကြိုးပစ်ခံရတာဘဲ...ဘုရား...ဘုရား...."ကျုပ် Jungkookလေး ကြိုက်တဲ့ ဟင်းတွေမှတ်မိပါသေးတယ်တော်၊ အများကြီးကို ချက်ကျွေးပစ်မှာ"
Jimin ကသာ ကမ္ဘာပျက်နေသော်လည်း ဒေါ်လေးရင်သည် ဝမ်းသာအားရ Jungkook ကြိုက်တတ်သော ဟင်းတွေပင် ချက်ကျွေးဖို့ အစီစဉ်တောင် ဆွဲပြီးပြီ။