Unicode
ညစာစားချိန်ရောက်နေသော်လည်း Jimin ထမင်းဆင်းစားရန် ဝန်လေးနေသည်။
" Jeon Jungkookပြန်ရောက်ပြီလား မသိဘူး ၊ ငါဘယ်လိုလုပ်ရမလဲ၊ Taehyung ကို ph ဆက်ပြီး အကြံတောင်းရင်ကောင်းမလား အရေးတည်းဆို ဗိုက်ကလည်းဆာပြီ ၊ ဘာမှလည်း မဝယ်ထားမိဘူး၊ စိတ်ဆင်းညိုလိုက်တာ"
Jimin စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကို တဗျင်းဗျင်းကုတ်ပစ်လိုက်သည်။
"ဒေါက်...ဒေါက်...ဒေါက်"
တံခါးခေါက်သံနောက်မှ မမSora၏ အသံကျယ်ကျယ်ထွက်ပေါ်လာသည်။
" Mochiရေ ထမင်းစားမယ်၊ ဘာလို့ဆင်းမလာသေးတာလဲ မေမေက ပွစိပွစိပြောနေပြီနော်"
"ဟင်...ဘာလိုလုပ်ရမလဲ"
ဆင်းလည်းမစားချင်ဘူး.....
မမ Sonaအပြောတိုင်းဆို ဒေါ်လေးငေါက်ခံလည်းထိတော့မယ်...Jimin အတွေးများနေစဉ် မမSora၏ အသံထပ်ထွက်လာသောကြောင့် ဆုံးဖြတ်ချက်အမြန် ချလိုက်ရသည်။
" Mochi...Mochiရေ...Mochi...Mochi..."
ဒီအမကလည်း အရမ်းအာပြဲတာပဲ လူနဲ့တောင်မလိုက်ဘူး အသံပြဲချက်
"ဒီကလေး အခန်းထဲမှာ
မရှိတာများလား"" Mo.... "
Sona၏အသံမဆုံးခင် Jimin က တံခါးဖွင့်ကာ ထွက်လိုက်သည်။
" လာပါပြီဗျ... ဘာလို့ စွတ်အော်နေတာလဲ မမရာ "
" ငါခေါ်နေတာ ဒီလောက်ကြာနေပြီ ဘာလို့အသံလေးဘာလေး မပေးလဲ မကြားဘူးထင်လို့ပေါ့ဟ"
" ကျွန်တော် အိမ်သာထဲရောက်နေလို့ပေါ့ ၊ မမအသံပြဲကြီးနဲ့အော်နေတာ မကြားရောရှိ..."
" အောင်မာ... ငါ့အသံလေး ဒီလောက်ငှက်သံလေးလိုချိုသာတာ "
" ဟုတ်တယ်... ဟုတ်တယ်... ငှက်လေးလိုချိုသာတယ် "
Sona က Jiminအပြောကြောင့် ကျေနပ်နေလေသည်။
" ဘာငှက်လဲသိလား မမ"
" အေးဘာငှက်လဲ "
" ကျီးကန်း..."
ဟု ပြောကာ Sonaကိုလျှာထုတ်ပြောင်ပြပြီး Jimin လှေကားကနေအမြန် ပြေးဆင်းသွားခဲ့သည်။ နောက်တွင် Sona သည် ဆဲဆိုလျှက် တရှူးရှုးဒေါသပုံထကာ ကျန်ခဲ့သည်။