တစ်ကိုယ်စာမဆန့်တဲ့အခန်းကျဥ်းက နဂိုမှောင်ပိန်းနေပြီး ပြင်ပအလင်းရောင်ဟူ၍မရှိ ၊ တတီတီမြင်တဲ့နာရီနှိုးစက်သံကြောင့် မှေးစက်နေတဲ့မျက်လုံးတို့အလိုလိုပွင့်တယ် ။တစ်နေ့တာဖြတ်သန်းဖို့စတင်တယ် .
လမ်းမထက်မှာကားကတရိပ်ရိပ် ၊ မှန်တံခါးချထားတဲ့အခါ အနည်းငယ်ရှည်ပြီးရှုပ်ပွနေတဲ့ဆံပင်တို့ကလေနဲ့အတူ လွှင့်လျက်ရှိတယ် ။ ကားမှန်တံခါးဘောင်ပေါ်တင်ထားတဲ့ဘယ်ဘက်လက်မှာ ဆိုးဆိုးရွားရွားအမှတ်တစ်ခုထင်ရှားလို့ ။
ကားကလမ်းကျဥ်းထဲဝင်ပြီးတာနဲ့ ရပ်သွားတဲ့အခါအလုပ်စဖို့အတွက်ဆင်းရတယ် ။ ကားနောက်ခန်းပေါ်ကရေသန့်ဘူးကိုဆွဲထုတ်သယ်ယူပြီးတာနဲ့ လှေကားသာရှိတဲ့တိုက်အမြင့်တွေရဲ့ သုံးလေးထပ်မြောက်ကိုပို့ပေးရတတ်တယ် ။
ရေသန့်ဘူးအသစ်ကိုချ အဟောင်းကိုပြန်သယ်ရင်း အတက်အဆင်းလုပ်ရတယ် ။ တစ်ခုပြီးတာနဲ့ နောက်တစ်မျိုးဖြစ်တဲ့ အရက်ပုလင်းကဒ်တွေကိုတင်ချပေးရင်းမှ သူ့အလုပ်ပြီးတော့ ကားခေါင်းထဲကလွယ်နေကျလွယ်အိတ်ကိုဆွဲယူလွယ်လိုက်တယ် ။
အချိန်ပိုင်းအလုပ်လေးပါပဲ . အထိအခိုက်မရှိ အကျအကွဲမရှိအောင်လုပ်ပြီးရင် ကားမောင်းသူက သူ့ကိုငွေပေးတယ် ။
" ပင်ပန်းသွားပြီ "
" ကျေးဇူးတင်ပါတယ် "
လုပ်အားခရတာနဲ့ ထိုနေရာနဲ့မပတ်သတ်ဆိုင်တော့တာမို့ ခပ်သွက်သွက်ခြေလှမ်းတွေနဲ့ တစ်ဖက်လမ်းကူးပြီးတာနဲ့ ပြေးရတယ် ။ နောက်အချိန်ပိုင်းအလုပ်က ဒီကနေဘယ်လောက်ဝေးမှန်းဆိုတာသူ မသိဘူး ။ ဘောင်းဘီအိတ်ကပ်ထဲက ခေါက်ရက်မြေပုံကိုဆွဲထုတ်ပြီး ရှာကြည့်တယ် ။
YOU ARE READING
Your Eyes Tell《 Completed 》
Fanfiction[ YiZhan ] - Full Credit This is a remake version of 《 Your Eyes Tell 》. Some of the dialogue with the characters i will use here is from the movie.