တစ်နေ့ပြီးတစ်နေ့ သူတို့တွေအတူရှိကြတယ် ။ရိပေါ်က ကြိုးဝိုင်းထဲမှာလက်ဝှေ့တွေဆက်ထိုးနေခဲ့ပြီး ရှောင်းကျန့်ကတော့ လက်မှုပညာကိုဆက်လေ့လာနေခဲ့တယ် ။ ကိုယ်တိုင်လုပ်ထားတဲ့ ရွံ့စေးနဲ့အိုးတွေက အစပိုင်းမှာမညီညာပေမယ့် နောက်ပိုင်း အဆင်ပြေလာတယ် ။
အိမ်မှာ ရိပေါ် မရှိတဲ့အချိန်တွေမှာ ရှောင်းကျန့်ကအုမိနဲ့အတူ ရှိတယ် ။ လက်နဲ့စမ်းရတဲ့စာလုံးတွေကိုဖတ်နေခဲ့ပြီး . တစ်ခုမဟုတ်တစ်ခုလေ့လာနေတတ်တာမျိုးနဲ့ အချိန်တွေကုန်နေတတ်တယ် ။
အချိန်က ဆောင်းရာသီဝင်ခဲ့ပြီ .
အပြင်မှာနှင်းတွေကျနေတယ် ။ ရိပေါ်က ခေါင်းအုံးထက် ရှောင်းကျန့်ရဲ့ပေါင်ပေါ်မှာ ခေါင်းတင်အိပ်ရတာကို နှစ်ကြိုက်တတ်တယ် ။ အခုလည်း သူတို့ကုတင်ပေါ်မှာအတူရှိနေကြပေမယ့် ရိပေါ်က ရှောင်းကျန့်ပေါင်ပေါ် ခေါင်းတင်မှေးစက်နေတယ် ။
အိပ်ခန်းထဲမှာ လောလောလတ်လတ်လုပ်ထားတဲ့ အိုးလေးတွေရှိတယ် . အခန်းထောင့်မှာခွေအိပ်နေတဲ့ အုမိ လည်းရှိတယ် . ပြီးတော့ နွေးနွေးထွေးထွေးနဲ့ ပူးကပ်နေတဲ့သူတို့နှစ်ယောက်လည်းရှိတယ် ။
" အရင်က ဆောင်းရာသီကိုကြိုက်တယ် . အခုတော့ မုန်းတယ် "
ကျန့်ကော စကားကြောင့် ရိပေါ်ကမော့ကြည့်ရင်း ဘာလို့လဲ လို့ သူကမေးလိုက်တယ် ။
" ကောအတွက် တန်ဖိုးရှိတဲ့တစ်စုံတစ်ရာဆုံးရှုံးလိုက်ရလို့ "
ထို့အပြင်ထပ်မပြောတာကြောင့် ရိပေါ်ကိုယ်တိုင်လည်းအလိုက်တသိနဲ့ ဆက်မမေးတော့ဘူး ။
" မှောက်အိပ်လိုက် "
" ဘာလုပ်မလို့လဲ "
" မင်းကိုနှိပ်ပေးမလို့ "
ရှောင်းကျန့်က မှောက်သွားတဲ့ရိပေါ်ခန္ဓာကိုယ်ပေါ်တက်ခွရင်း ဘေးကစာအုပ်ကိုလှမ်းဖွင့်လိုက်တယ် ။ စာလုံးတွေကိုစမ်းရင်း ခပ်တိုးတိုးလည်းရေရွတ်တယ် . လက်မနဲ့ ကျောရိုးဘေးကြွက်သား
တွေကို နှိပ်နယ်ပေးပါ ဆိုတာမျိုး ။
ESTÁS LEYENDO
Your Eyes Tell《 Completed 》
Fanfic[ YiZhan ] - Full Credit This is a remake version of 《 Your Eyes Tell 》. Some of the dialogue with the characters i will use here is from the movie.