2 နှစ်ကြာသောအခါ
ကားပေါ်က ဆင်းလာတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ဦးက နောက်ခန်းကားတခါးကိုဖွင့်ပြီး Golden Retriever အမျိုးအစား ခွေးကြီးတစ်ကောင်ကို ကြိုးနဲ့ထိန်းလို့ ကားပေါ်ကနေ ဆင်းခိုင်းစေတယ် ။ ပြီးနောက် ကားနောက်ဆုံးထဲက စက္ကူပုံးကို ပိုက်လို့ လက်လုပ်ပစ္စည်းဆိုင်လေးထဲ ဝင်သွားတယ် ။မနက်ခင်းမှာတောင် ဆိုင်ထဲဝယ်သူတွေနဲ့ လူစည်နေတယ်
" သူဌေးလာပြီလား "
ကောင်တာက ကောင်မလေးက သူတို့သူဌေးကိုမြင်တော့နှုတ်ဆက်တယ် ။ ကောင်တာပေါ်တင်လိုက်တဲ့ စက္ကူပုံးနဲ့အတူ
" ဒီတစ်ပတ်အတွက် ပစ္စည်လေးတွေတင်လိုက်ဦးနော် "
" ဟုတ် သူဌေး . . ဪ ပြီးတော့ ခွက်လေးတွေကုန်သွားပြီ အခွက်နှစ်ဆယ်လောက် လကုန်ကျရင် အော်ဒါမှာထားတာရှိတယ် "
" ဟုတ်ပြီ . ဒါနဲ့ တနင်္ဂနွေနေ့ဆိုင်ဖွင့်တယ်ဆိုပေမယ့် ဒီတစ်ပတ်တော့ ကိုယ့်အစားစောင့်ပေးလို့ရမလား "
ကောင်မလေးက သူတို့သူဌေးဒီလိုတောင်းဆိုလာထဲကသဘောပေါက်နေပြီ ။ တစ်လမှာ နှစ်ခါလောက်တောင်းဆိုနေကျပဲ .. သူမ တောင် ရက်တွေမှတ်မိနေပါပြီ ။
" မနက်ဖြန် စေတနာ့ဝန်ထမ်းသွားလုပ်ဖို့မှတ်လား .. ညီမ သိပါတယ် သူဌေးရဲ့ "
ကောင်မလေးကို သူပြုံးရင်းသာ ခေါင်းညိမ့်ပြလိုက်တယ် ။
မသန်စွမ်းသူစောင့်ရှောက်ရေးစင်တာမှာ ရှောင်းကျန့်က လုပ်အားပေးလုပ်လေ့ရှိတယ် ။ ငွေဖြင့်လည်းအကူအညီပေးသလို တစ်လမှာနှစ်ခါလောက် လူကိုယ်တိုင်လည်း လာရောက်ကူညီပေးတယ် ။ အထူးသဖြင့် လူနာတွေကို နှိပ်ပေးတာမျိုးပေါ့ ။
ကလေးတွေကအစ လူကြီးတွေအဆုံး စင်တာထဲဝင်လာတဲ့ရှောင်းကျန့်ကို မြင်တာနဲ့ ပျော်နေတတ်ကြတယ် ။
အပြင်အဆောင်ကလူနာတွေကိုကြည့်ပေးပြီးတာနဲ့ သုံးယောက်တစ်ခန်း ၊ လေးယောက်တစ်ခန်း တွေထဲ ဝင်ရတယ် ။ ဝင်ကြည့်နေကျ အခန်းကိုတံခါးတွန်းဖွင့်ရင်း သူဝင်လာတာနဲ့ အဖိုးဖူက တန်းနှုတ်ဆက်တယ် ။
YOU ARE READING
Your Eyes Tell《 Completed 》
Fanfiction[ YiZhan ] - Full Credit This is a remake version of 《 Your Eyes Tell 》. Some of the dialogue with the characters i will use here is from the movie.