episode 2 (U)

2.5K 338 11
                                    


မနက်ခင်းရောက်တာနဲ့ အိမ်ထဲဝင်တဲ့နွေရောင်ခြည်ကနွေးနွေးထွေးထွေး .

ပုံမှန်နေ့ရက်တွေလို ဒီနေ့မှာလည်းရှင်သန်ရဦးမယ် ။ အိုးထဲဆီကို အနေတော်ရဖို့အတွက် လက်ညိုးနဲ့သုံးရင်းချိန်တယ် အိုးပူမပူထိပ်ကလေးနဲ့စမ်းရင်း ဝက်သားပြားကိုစကြော်တယ် ။

သစ်သားခုံထမင်းစားပွဲပေါ်မှာ မနက်စာပေါင်မုန့်ကြော်နဲ့ ​ကြက်ဥ၊ ဝက်သားပြားနဲ့ခရမ်းချဥ်သီးတို့က တစ်ပန်းကန် ၊ အာဟာရပြည့်ဝတဲ့မနက်စာကိုတော့ ကောင်းကောင်းလုပ်တတ်ပါရဲ့ ။

အလုပ်သွားဖို့အတွက် အိမ်သော့ကိုခတ်ရင်း တုတ်ကောက်ကိုသုံးလို့ လှေကားထစ်တွေကိုနင်းရတယ် ။ နေနေကျဖြစ်တဲ့အခါ ကျင့်သားရသွားတဲ့နေရာမို့ အခက်အခဲက မရှိတော့ဘူး ။

" သွားပြီနော် "

ခပ်တိုးတိုးနှုတ်ဆက်လိုက်သံက အနားမှာဘယ်သူမှမရှိမှန်းသိပေမယ့် နှုတ်ဆက်နေကျမို့ အမြဲပြောဖြစ်နေတာ တာဝန်တစ်ခုလို ။

.
.

" ဝန်ထမ်းထပ်ခေါ်မယ်ဆိုရင် လူကြီးမင်းရဲ့ စုစုပေါင်းကျသင့်ငွေက ၃၅၀ ယွမ်ဖြစ်ပါမယ် ဒီလိုဆိုရင် .. "

" ငါ ငွေအကြောင်းပြောနေတာမဟုတ်ဘူး ဒီနေ့အတွင်း အလုပ်သမားလာနိုင်မလားဘဲသိချင်တာ! "

" ကျွန်တော်အနူးအညွှန့်တောင်းပန်ပါတယ်ဗျ . တစ်ချက်စစ်ဆေးကြည့်ပေးပါ့မယ် "

ဖုန်းရဲ့တစ်ဖက်ကလူမှာအတော်လေးဒေါသထွက်နေတာကြောင့် သူဟာ အောက်ကဆက်သွယ်ရေးပစ္စည်းတွေပေါ်က နံပါတ်ပါတဲ့ခလုတ်တွေကိုသာလက်နဲ့စမ်းရင်း အလျင်အမြန်ဖြေကြားလိုက်ရတယ် ။

" ကြိုတင်စာရင်းပေးတာမျိုးမရှိတော့ . ဒီနေ့တော့အဆင်မပြေလောက်ပေမယ့် .. "

" ဒီနေ့မရဘူးဆိုမှတော့ ဘာလုပ်ရမှာလဲ! အပိုစကားတွေပြောနေရတာပဲ "

ဖုန်းချသံနဲ့အတူ ဆက်သွယ်ရေးကပြတ်တောက်သွားခဲ့တာမို့ သူ သက်ပြင်းဖွဖွသာချလိုက်ပေမယ့် အပြုံးတို့မပျက်ဘူး ။ အလုပ်မှာဒီလိုမျိုးလူတွေအများကြီးတွေ့ခဲ့ရပြီးပြီမို့ အဆင်ပြေပါတယ် ။ ဒီမှာရှိတဲ့ဝန်ထမ်းတွေကလည်း ချို့ယွင်းသူတွေအတွက်သီးသန့်မို့ အားလုံးဟာ အတူတူသာဖြစ်တယ် ။

Your Eyes Tell《 Completed 》Where stories live. Discover now