episode 4 (U)

1.7K 303 8
                                    


စားပွဲဝိုင်းမှာအတူထိုင်နေကြပေမယ့် မည်သူတစ်ဦးမှစကားမစ ၊ ရိပေါ်ကတော့ခေါင်းကိုသာခပ်ငုံ့ငုံ့ထားရင်း သူတို့ရဲ့အစ်ကိုကြီးကတော့ မျက်နှာထားတင်းမာကြီးစိုက်ကြည့်နေတယ် ။ ထိုအခါ စကားစဖို့ရာအတွက် သူကိုယ်တိုင်ပထမဆုံးဝင်ပါရတော့တယ် ။

" ဒါကဘာလဲ ? စကားမပြောကြေးလား . အသံတိတ်ဂိမ်းလား "

" ဟေ့ ရိပေါ် . အစ်ကိုကြီးက မင်းကိုတွေ့ဖို့သက်သက်နဲ့ ဒီအထိလာခဲ့တာ .. လေ့ကျင့်ရေးရုံကိုပြန်လာခဲ့ပါကွာ နော် . အစကနေပြန်စကြရအောင် "

" တောင်းပန်ပါတယ် "

ခေါင်းငုံ့လို့ဆိုပြန်တော့ အပ်ကြောင်းထပ်နေပြီးသားတောင်းပန်စကားတွေ ။ နည်းပြခေါင်းဆောင်က သက်ပြင်းတစ်ချက်ချပြီးနောက်

" ငါမင်းကိုတစ်ခုမေးမယ် . ဒီမတိုင်ခင်အရင်က မင်းဘယ်တွေရောက်နေခဲ့တာလဲ "

ရိပေါ်ကပြန်မ​ဖြေ ။ ထို့ကြောင့် အစ်ကိုကြီးဘက်တစ်ချက်ကြည့်ရင်း ကြားထဲကသူက ထပ်ပြောလိုက်တယ် ။

" ရိပေါ် . ငါမင်းကို သာမန်ပြိုင်တဲ့ကြိုးဝိုင်းမှာစတွေ့ထဲက တွေးမိတာက .. ဒီကောင်လေးမထင်မရှားဖြစ်ရမှာမဟုတ်ဘူးလို့ .. ကမ္ဘာ့ချန်ပီယံတောင်ဖြစ်နိုင်တယ်လို့ ...

မင်းတစ်သက်လုံး ဒီလိုအလုပ်မျိုးတွေနဲ့ အဆင်ပြေသွားလိမ့်မယ်လို့ထင်နေတာလား "

ခေါင်းငုံ့နေဆဲဖြစ်တဲ့ရိပေါ်ဟာ စကားတစ်ခွန်းမဆိုတဲ့အခါ နည်းပြခေါင်းဆောင်ကမတ်တပ်ထရပ်ပြီးထွက်သွားဖို့လုပ်တယ် ။

" ငါကောင်းကောင်းနားလည်သွားပြီ . မင်းဘာမှမပြောဘူးဆိုရင် ပြန်တော့မယ် "

" အစ်ကိုကြီး! "

" ကျွန်တော် ထောင်ကျခဲ့တယ် "

မထင်မှတ်ထားတဲ့စကားသံကြားလိုက်ရတော့ နည်းပြနှစ်ယောက်လုံးဟာ အံ့သြဆွံ့အစွာနဲ့ မော့ကြည့်လာပြီဖြစ်တဲ့ ရိပေါ်ရဲ့မျက်နှာကို တစ်ခါမှမမြင်ခဲ့ဘူးသလို ကြောင်ကြည့်လို့ .

" ၃ နှစ်နဲ့ ၅ လ ကျခဲ့တယ် "

ပေါင်ပေါ်တင်ထားတဲ့လက်သီးတို့ကို သူပိုတင်းဆုပ်လုပ်တယ် ။ အဖြစ်အပျက်တွေက သူ့ဦးနှောက်ထဲဟိုဟိုဒီဒီပြန့်နှံ့ဝင်ရောက်လာခဲ့တယ် ။

Your Eyes Tell《 Completed 》Where stories live. Discover now