ရိပေါ် လေ့ကျင့်ရုံကနေပြန်ထွက်တော့ ရှေ့က ရပ်နေတဲ့ကားတစ်စီးနဲ့အတူ ကားပေါ်မှီရင်း ဆေးလိပ်သောက်ရပ်စောင့်နေတဲ့လူကြောင့် ဘယ်သူတွေရောက်လာမှန်းချက်ချင်းသိလိုက်တယ် ။နောက်ကားမှန်တံခါးကပွင့်လာပြီး အဲ့ထဲကလူကတော့ .. သူနဲ့အရင်းနှီးဖြစ်ခဲ့ဆုံး .. ငယ်ဘဝထဲကမိဘမဲ့ဘုရားကျောင်းမှာအတူနေခဲ့ဖူးတဲ့လူ ၊ အဲ့လူက တရားမဝင်လောင်းကစားတွေရဲ့ခေါင်းဆောင် ၊ ပြန်ဆုံကြမယ်ဆိုတဲ့စကားက စကားသက်သက်အဖြစ်နဲ့ပြောသွားတာမဟုတ်ဘူးဆိုတာ သူလည်းသိပါတယ် ။
ရိပေါ် ကားနောက်ဆုံးမှာ အတူဝင်ထိုင်လိုက်ရတယ် .
" နောက်လကျရင် အနက်ရောင်ဂိုဏ်းအဖွဲ့ချုပ်နဲ့ပြိုင်ပွဲရှိတယ် . ဒီလောကကလူတွေအကုန်လာကြမှာ .. အဲ့တာကြောင့်ရမယ့်ဆုကြေးငွေကလည်းများတယ် .
မင်း ငါတို့ကိုကူညီချင်လား "
တကယ်ဆို ရိပေါ်ဒီအလုပ်တွေကိုဆက်မလုပ်ချင်ဘူး ။ သူအခု ဝင်ငွေသိပ်မရတဲ့အလုပ်တွေရှိပေမယ့်လည်း တစ်ယောက်သောသူနဲ့ အေးချမ်းပြီးပျော်နေရတာပဲ ။
" အစ်ကိုရှန့် .. ငါက .. "
" မင်းပါးစပ်ကပေါက်ကရတွေထွက်မလာနဲ့! "
" ကူချီ! "
ရှေ့ခန်းကနေ ရိပေါ်ကိုဝင်ဟောက်တဲ့လူကို ရှန့်ကျီကပြန်ဟန့်တားတယ် ။ ပြီးတော့ သူက ရိပေါ်ဘက်ကိုလှည့်လိုက်ရင်း
" မင်းကြောင့် သေသွားခဲ့ရတဲ့လူတွေရှိတယ်ဆိုတာ မှတ်မိလား .. နေ့ဘက်မှာအလုပ်လုပ်ရုံနဲ့ရှင်သန်ရတာ ခက်ခဲပါတယ်ကွာ .. ငါတို့အလုပ်တွေကိုပိတ်ပင်တားဆီးမယ့်လူမရှိဘူး .
အဲ့တာကြောင့် ကောင်းကောင်းလက်တွဲပြီး နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် လုပ်ကြတာပေါ့ "
.
.ထွက်သွားတဲ့ကားကိုမျက်စိတစ်ဆုံးကြည့်မိတယ် ။ သူပြောခဲ့တာက ပြန်မလုပ်ဘူး ဆိုတဲ့အငြင်းစကားလုံးပဲလေ ။ ရှန့်ကျီကတော့ ဘာမှဆက်မပြောတော့ဘဲ သူ့ကိုကားပေါ်ကဆင်းခိုင်းစေပြီး ထွက်သွားတာပဲ ။
ရိပေါ် အိမ်ပြန်ရောက်လာတော့ တံခါးပေါက်နားမှာ အရင်လိုထွက်ကြိုနေတတ်တဲ့ ရှောင်းကျန့်ကိုမတွေ့ရတော့ဘူး .. သူ အပြေးအထဲဝင်လာတော့ အုမိက အမှီးနှန့်ပြီးအနားရောက်လာတယ် ။ မီးဖိုချောင်မှာ လှီးလက်စဖြစ်ဟန်တူတဲ့ မုန်လာဥတစ်ချို့က အောက်ကိုပြန့်ကျဲနေတာကိုမြင်လိုက်ရတာက သူ့ရင်တစ်ခုလုံးကိုပူသွားစေတယ် ။
YOU ARE READING
Your Eyes Tell《 Completed 》
Fanfiction[ YiZhan ] - Full Credit This is a remake version of 《 Your Eyes Tell 》. Some of the dialogue with the characters i will use here is from the movie.